ပြည်ထောင်စုဝန်ကြီးတွေရဲ့အမည်စာရင်း ၂၄ရက်နေ့ သိရမည်

ပြည်ထောင်စုဝန်ကြီးတွေရဲ့အမည်စာရင်း ၂၄ရက်နေ့ သိရမည်
by -
မဇ္စျိမ
 ပြည်ထောင်စုအစိုးရဝန်ကြီးများ၏ အမည်စာရင်းကို လာမည့် မတ်လ ၂၄ရက်တွင် သမ္မတအဖြစ်ရွေးချယ်ခံထားရသူ ဦးထင်ကျော်က လွှတ်တော်တင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်တို့က အတည်ပြု ပြောသည်။

"ဝန်ကြီးစာရင်းတွေက ၂၄ရက်နေ့မှာ တင်မယ်" ဟု မတ်လ ၂၀ရက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်း အဝေးအပြီးတွင် ဦးဝင်းထိန်က သတင်းထောက်များကို ပြောသည်။

လာမည့် ဧပြီလ ၁ရက်တွင် စတင်တာဝန်ယူရမည့် NLDအစိုးရလက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၂၁ခုသာ ထားရှိမည်ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာနပေါင်း ၂၁ခုသာ ထားရှိရသည့်အကြောင်းအရင်းကို မတ်လ ၂၁ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြမည်ဖြစ်သည်။

လူမှုကွန်ယက်အချို့တွင်မူ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ရမည့် အမည်စာရင်းများထွက်ပေါ်လျက်ရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကမူ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

သို့သော် ပြည်ထောင်စုဝန်ကြီးများမှာ NLDပါတီဝင်များသာ ပါဝင်မည်မဟုတ်ကြောင်း NLDပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

"ကျွန်တော်တို့က အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်နေတဲ့အတွက် ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ပါကောင်း ပါနိုင်ပါတယ်" ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းသည် မတ်လကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး NLDပါတီ၏ အရပ်သားသမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရသက်တမ်းမှာ ဧပြီလ ၁ရက်နေ့တွင် စတင်မည်ဖြစ်သည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...