ပြည်ထောင်စုဝန်ကြီးများတွင် အမျိုးသမီးပါဝင်မည်ဟု NLDပြောခွင့်ရသူ ပြော

ပြည်ထောင်စုဝန်ကြီးများတွင် အမျိုးသမီးပါဝင်မည်ဟု NLDပြောခွင့်ရသူ ပြော
by -
မဇ္စျိမ
 ပြည်ထောင်စုအစိုးရဝန်ကြီးများ၏ အမည်စာရင်းကို မတ်လ ၂၂ရက်၊ ပြည်ထောင်စုလွှတ်တော်တွင် ကြေငြာတော့မည်ဖြစ်ပြီး အဆိုပါ ဝန်ကြီးများတွင် အမျိုးသမီးဝန်ကြီးလည်း ပါဝင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ပြည်ထောင်စုဝန်ကြီးများတွင် အမျိုးသမီးပါဝင်မည်လားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒေါက်တာဇော်မြင့်မောင်က "အမျိုးသမီးပါတယ်" ဟု မတ်လ ၂၁ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ပါဝင်မည့် အမျိုးသမီး ပြည်ထောင်စုဝန်ကြီးအရေအတွက်ကိုမူ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုခြင်း မရှိခဲ့ပေ။

ဧပြီလ ၁ ရက်ကစပြီး တာဝန်ယူမည့် NLDအစိုးရလက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၂၁ခု ထားရှိမည်ဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသော ဦးထင်ကျော်အဆိုပြုသည့် ဝန်ကြီး ၁၅ဦးနှင့် တပ်မတော်က အဆိုပြုသော ဝန်ကြီး ၃ဦးတို့ကို ခန့်အပ်မည်ဖြစ်သည်။

"အမျိုးသမီးများသည် အုပ်ချုပ်ရေး၊ စီးပွားရေး၊  လူမှုရေးကဏ္ဍ အသီးသီးတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးများ ရရှိစေရေးအတွက် ပြဌာန်းထားသော ဥပဒေများထိရောက်မှုရှိစေရန် ဆောင်ရွက်မည်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကြေငြာစာတမ်းတွင် ဖော်ပြထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...