တပ်မတော်မှပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သည့်အတွက် ကန့်ကွက်ကြောင်း တအာင်းအရပ်ဖက် အဖွဲ့အစည်းများထုတ်ပြန်

တပ်မတော်မှပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သည့်အတွက် ကန့်ကွက်ကြောင်း တအာင်းအရပ်ဖက် အဖွဲ့အစည်းများထုတ်ပြန်
by -
မဇ္စျိမ
ရှမ်းပြည်နယ်မြောက်ပုုိင်း တအာင်းဒေသတွင် မြန်မာ့တပ်မတော်မှ စစ်အင်အားတုုိးမြှင့်လာကာ တအာင်းပြည်သူလူထုုအား ပစ်မှတ်ထား တုုိက်ခုုိက်နေမှု ပြင််းထန်မှုအပေါ် ကန့်ကွက်လုုိက်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့နှင့် တအာင်းကျောင်းသားအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ကွတ်ခုုိင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်များတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်မှ ယနေ့ထိ မြန်မာတပ်မတော်မှ ရွာသူရွာသား ဦးရေ ၁၀၀ ခန့် ဖမ်းဆီးခံရပြီး ရိုက်နှိပ် ညှဉ်းပမ်း နှိပ်စက်ခြင်းခံရသူ ၃ ဦး၊ တုုိက်ပွဲအတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၃ ဦးတို့ရှိကြောင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ကွတ်ခုုိင်မြို့နယ် မုုိင်းယုုလေးကျေးရွာတွင် စစ်ပြေး ဒုုက္ခသည် ရ၀၀ ဦး၊ နမ့်ဖတ် ကာတွင် ၆၅၆ ဦး စုုုုစုုပေါင်း ၁၃၅၆ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟုု မတ် ၁၈ ရက် ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

“ဒီလုုိမျိုးသာဆက်လုုပ်နေမယ်ဆုုိရင် တပ်မတော်ရဲ့ ဂုုဏ်သိက္ခာကုုိ ကျတယ်။ ပြည်သူလူထုုအပေါ်မှာ ယုံုကြည်မှု ကင်းမဲ့စေတာပေါ့နော်။ လူထုုအဖွဲ့အစည်းတွေကလည်း လုံုးဝ လက်ခံနုုိင်စရာမရှိဘူး။ လူတွေကုုိ ဖမ်းဆီးတာအပြင် ကျေးရွာကုုိ မီးရှို့တဲ့အပုုိင်းက လူထုုအပေါ် တကယ့်ပဲ ထိခုုိက်တယ်။ စပါးတွေ မီးရှို့ခံရတဲ့အတွက် လူထုုတွေ ဒုုက္ခရောက်တယ်။ ဒီလုုိ ဖြစ်နေတာကုုိ လူ့အခွင့်အရေးကနေ ကြည့်ရင် လုံုးဝ လက်ခံနုုိင်စရာမရှိဘူး”ဟုု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တွဲဘက် အထွေထွေအတွင်းရေးမှူး(၂) ဒီဒီပုုိးကျိန်းက မဇ္စျိမကုုိ ပြောသည်။

ဒုုက္ခသည် ၁၃၅၆ ဦးအတွက် ရေရှည်အစားအသောက်နှင့် နေထုုိင်ရေးအတွက် အကူအညီများ လုုိအပ်နေဆဲ ဖြစ်သည်ဟုု ဒီဒီပုုိးကျိန်းက ပြောသည်။

ကွတ်ခုုိင်မြို့နယ် လွယ်ကန်ကျေးရွာတွင် မတ် ၁၁ ရက်က အိမ်ခြေ ၁၁ လုံုး၊ မန်ဆံကျေးရွာမှ အိမ်ခြေ ၆ လုံုး၊ ပိန်ဘန်ကျေးရွာမှ အိမ်ခြေ ၃ လုံုး စုုစုုပေါင်း အိမ်ခြေ ၂၀ လုံုးကုုိ မြန်မာ့တပ်မတော်မှ မီးရှိုု့ဖျက်ဆီးခဲ့ပြီး ကျေးရွာများရှိ ဆန်စပါးနှင့် ပစ္စည်းများကုုိလည်း မိးရှိုု့ ဖျက်ဆီးခဲ့သည်ဟု ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်၏ တပ်မ ၆၆ မှ မတ်လ ၉ ရက်နှင့် ၁၃ ရက်များတွင် ကွတ်ခုုိင်မြို့နယ် တားမုုိးညဲမြို့နယ်ခွဲ ကောင်နိမ် ကျေးရွာမှ ရွာသား ၂၀ ကျော်ကုုိ ဖမ်းဆီးခဲ့ရာမှ မတ်လ ၁၆ ရက်တွင် ရွာသား ၁၃ ဦးကုုိ ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန် ၁၄ ဦးမှာ ယနေ့ထိ တာမုုိးညဲမြို့နယ်ခွဲ ၂၀၉ တပ်တွင် ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်ဟုု ထုုတ်ပြန်ထားသည်။

မြန်မာတပ်မတော် တပ်မ ရ၇ မှ မတ် ၁၆ ရက်တွင် ကျောက်မဲမြို့နယ် ပါလင်ကျေးရွာသား ၅၀ ဦးကုုိ ဗျူဟာမှူးမှ စစ်ဆေး မေးမြန်းရန် ရှိသည်ဟုု ဆိုုကာ မုုိင်းငေါ့ဘတ်သုုိ့ ခေါ်ဆောင်သွားခဲ့ပြီး မတ် ၁၇ ရက်က သံဃာတော်များ၏ တောင်းဆုုိခဲ့မှုကြောင့် ရွာသား ၁၂ ဦးကုုိ ပြန်လည် လွှတ်ပေးခဲ့ကာ ကျန်သူများကုုိ ဖမ်းဆီးထားဆဲ ဖြစ်သည်ဟုု သိရသည်။

“လက်ရှိအစုုိးရကုုိလည်း အခက်အခဲတွေ့အောင် သူတုုိ့ လုုပ်တယ်။ နောက်ပုုိင်း အဓိက တုုိက်ပွဲဖြစ်တယ်ဆုုိတာထက် လူထုုကုုိ ဦးတည်ပြီးတော့ တုုိက်ခုုိက်တဲ့ပုံုစံမျိုး သူတိုု့ရဲ့ စစ်ဗျူဟာ တခုုဖြစ်နေလားလုုိ့ စဉ်းစားစရာ ဖြစ်နေတာပေါ့”ဟုု တအာင်းကျောင်းသား များနှင့်လူငယ်အဖွဲ့မှ တွဲဘက် အထွေထွေအတွင်းရေးမှူး(၂) မုုိင်းမျိုးအောင်က မဇ္စျိမကုုိ ပြောသည်။

မြန်မာ့တပ်မတော်မှ ပြည်သူများအား ဦးတည်တုုိက်ခုုိက်နေခြင်းနှင့် ပြည်တွင်းစစ်ကုုိ ပုုိမုုိ ကြီးထွားရန် လုုပ်ဆောင်နေခြင်းသည် အမျိုးသားဒီမုုိကရေစီအဖွဲ့ချုပ်(NLD) အစုုိးရသစ်ကုုိ အခက်တွေ့စေရန် တမင်ဖန်တီးခြင်းနှင့် တုုိင်းရင်းသားလူမျိုးများအပေါ် နုုိင်ငံရေးအရ ခွဲခြားဖိနှိပ်ခြင်း ဖြစ်သည်ဟုု ရှုမြင်ကြောင်း၊ မြန်မာတပ်မတော်၏ ဂုုဏ်သိက္ခာကုုိ ထိခုုိက်စေသလုုိ၊ တုုိင်းရင်းသား ပြည်သူများ တပ်မတော်အပေါ် ယုံုကြည်မှုကင်းမဲ့စေသည့်အတွက် ထိရောက်စွာ အရေးယူပေးပါရန် တအာင်းအမျိုး သမီးအဖွဲ့အစည်းနှင့် တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲတုုိ့က တောင်းဆုုိထားသည်။

မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားသော ရွာသားများအား ခြွင်းချက်မရှိ အမြန်ဆုံုးလွှတ်ပေးရန်၊ ရုုိက်နှက်ညှဉ်းပမ်းနှိပ်စက် ခံရသူများ အပါအဝင် နစ်နာမှုများ အားလုံုးကုုိ ကုုစားပေးရန်၊ ပြစ်မှုကျူးလွန်သူများကုုိ ထိရောက်စွာ အရေးယူပေးရန်နှင့် တုုိင်းရင်းသား ဒေသများတွင် မြန်မာ့တပ်မတော်မှ စစ်အင်အားတုုိးမြှင့်မှုနှင့် ထုုိးစစ်ဆင်မှုများ ရပ်တန့်၍ ဆုုတ်ခွာပေးရန် တောင်းဆုုိထားသည်။

ယခုုလအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်တုုိ့ တုုိက်ပွဲပေါင်း ၂၅ ကြိမ်ထိ ဖြစ်ပွာခဲ့ပြီး ဖြစ်ပြီး ယခုရက်ပိုင်းတွင် နှစ်ဖက်တပ်များ ၃ ရက်ကြာ ရင်ဆုုိင်တုုိက်ပွဲ ဖြစ်ပွားမှုမရှိဘဲ တည်ငြိမ််နေသည်ဟုု TNLA ၏ ပြောရေးဆုုိခွင့်ရှိသူ မုုိင်းအုုိက်ကျော်က မဇ္စျိမကုုိ ပြောသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...