ဝန်ကြီးဌာန ၂၁ခုထားရှိမည့်အပေါ် အမတ်(၅)ဦး ဆွေးနွေး၊ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်က ဆွေးနွေးခြင်းမရှိ

ဝန်ကြီးဌာန ၂၁ခုထားရှိမည့်အပေါ် အမတ်(၅)ဦး ဆွေးနွေး၊ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်က ဆွေးနွေးခြင်းမရှိ
by -
မဇ္စျိမ
 နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာသော ဝန်ကြီးဌာန (၂၁)ခုထားရှိမည့်အပေါ် ပြည်ထောင်စုလွှတ်တော်အမတ် (၅)ဦးက ယနေ့မတ်လ (၁၈)ရက်၊ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

ဆွေးနွေးမည့်သူ (၅)ဦးအနက် သုံးဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၃)ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးဂျေယောဝူနှင့် ရခိုင်အမျိုးသားပါတီမှ ဦးဘရှိန်တို့ဖြစ်သည်။

လာမည့် ဧပြီ(၁)ရက်တွင် စတင်ထမ်းဆောင်မည့် NLDအစိုးရလက်ထက်တွင် ဝန်ကြီးဌာန(၂၁)ခုနှင့် ဝန်ကြီး(၁၈)ဦး ထားရှိမည်ဟု ဦးထင်ကျော်က တင်ပြထားကြောင်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက မတ်လ ၁၇ရက်က လွှတ်တော်သို့ တင်ပြထားခြင်းဖြစ်သည်။

ဝန်ကြီးဌာန ၂၁ခုအနက် ဝန်ကြီး(၁၈)ဦးထားရှိမည်ဖြစ်ကာ ကျန်ဝန်ကြီးဌာန(၃)ခုဖြစ်သော ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ကိုမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခြေခံဥပဒေအရ ခန့်အပ်ခွင့်ရမည်ဖြစ်သည်။

ထားရှိမည်ဟု တင်ပြထားသော ဝန်ကြီးဌာန(၂၁)ခုမှ အောက်ပါအတိုင်းဖြစ်သည်။

၁) နိုင်ငံခြားရေးဝန်ကြီးဌာန
၂) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၃) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၄) ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန
၅) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာန
၆) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၇) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၈) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
၉) စက်မှုဝန်ကြီးဌာန
၁၀) ကျန်းမာရေးဝန်ကြီးဌာန
၁၁) ပညာရေးဝန်ကြီးဌာန
၁၂)  ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
၁၅) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၆) ပြန်ကြားရေးဝန်ကြီးဌာန
၁၇) တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၈) သမ္မတရုံးဝန်ကြီးဌာန
၁၉) ကာကွယ်ရေးဝန်ကြီးဌာန
၂၀) ပြည်ထဲရေးဝန်ကြီးဌာန
၂၁) နယ်စပ်ရေးရာဝန်ကြီးဌာန

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...