ဝန်ကြီးဌာန ( ၂၁) ခုသာ NLDအစိုးရထားရှိမည်

ဝန်ကြီးဌာန ( ၂၁) ခုသာ NLDအစိုးရထားရှိမည်
by -
မဇ္စျိမ
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဝန်ကြီးဌာန(၃၆)ခု ထားရှိခဲ့ရာမှ လာမည့်ဧပြီလ (၁)ရက်တွင် စတင်တာဝန်ထမ်းဆောင်မည့် NLDအစိုးရက ဝန်ကြီးဌာန(၂၁)ခုကိုသာ ထားရှိမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေငြာလိုက်သည်။

ဝန်ကြီးဌာန ၂၁ခုနှင့် ဝန်ကြီးဦးရေ (၁၈)ဦးတို့ကိုသာထားရှိမည်ဟု မန်းဝင်းခိုင်သန်းက ဆိုသည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးထင်ကျော်ကတင်ပြသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ခြင်းတို့ကို မတ်လ ၁၇ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးတွင် မန်းဝင်းခိုင်သန်းက လွှတ်တော်တွင် တင်ပြလိုက်ခြင်းဖြစ်သည်။

လွှတ်တော်အမတ်များအနေဖြင့် ယင်းကိစ္စအပေါ်ဆွေးနွေးလိုပါက မနက်ဖြန် မတ်လ ၁၈ရက်တွင် ဆွေးနွေးမည်ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

ထားရှိမည့် ပြည်ထောင်စုဝန်ကြီးဌာနများမှာ
၁) နိုင်ငံခြားရေးဝန်ကြီးဌာန
၂) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၃) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၄) ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန
၅) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၆) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၇) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၈) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
၉) စက်မှုဝန်ကြီးဌာန
၁၀) ကျန်းမာရေးဝန်ကြီးဌာန
၁၁) ပညာရေးဝန်ကြီးဌာန
၁၂)  ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
၁၅) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၆) ပြန်ကြားရေးဝန်ကြီးဌာန
၁၇) တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၈) သမ္မတရုံးဝန်ကြီးဌာန
၁၉) ကာကွယ်ရေးဝန်ကြီးဌာန
၂၀) ပြည်ထဲရေးဝန်ကြီးဌာန
၂၁) နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...