တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင်မယ်လို့ ဦးဟင်နရီဗန်ထီးယူပြော

တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင်မယ်လို့ ဦးဟင်နရီဗန်ထီးယူပြော
by -
မဇ္စျိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ အကောင်းဆုံးကြိုးစားသွားမည်ဟု ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူက ပြောဆိုလိုက်သည်။

မတ်လ ၁၅ရက်က ပြည်ထောင်စုလွှတ်တော်တွင်ပြုလုပ်သော သမ္မတရွေးချယ်တင်မြှောက်ပွဲတွင်  ဒုသမ္မတ(၂)အဖြစ် ရွေးချယ်ခံရပြီးနောက် ဦးဟင်နရီဗန်ထီးယူက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ဒီလို ကြီးမားတဲ့တာဝန်ကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော့်ကို တာဝန်ပေးတဲ့အခါမှာ ပေးအပ်တဲ့တာဝန်ကို တာဝန်သိသိ သစ္စာရှိရှိနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်သွားပါမယ်လို့ ဒီနေရာကနေ ပြည်သူလူထုကို ကတိပေးပါတယ်" ဟု ဦးဟင်နရီဗန်ထီးယူက ပြောသည်။

ဒုသမ္မတ(၂)အဖြစ် ရွေးချယ်တင်မြှောက်ခံရမှုကိုလည်း ဝမ်းမြောက်၊ ဂုဏ်ယူသလို ပြည်သူများကိုလည်း ကျေးဇူးတင်ပါသည်ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အမျိုးသားလွှတ်တော်တွင် ဒုသမ္မတလောင်းအဖြစ် အဆိုပြုခြင်းခံရသည့် ဦးဟင်နရီဗန်ထီးယူသည် မတ်လ ၁၅ရက် သမ္မတရွေးချယ်ပွဲတွင် ထောက်ခံမဲ ရ၉မဲရရှိကာ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်း ဖြစ်သည်။

ဒုတိယသမ္မတတစ်ဦးဖြစ်လာပါက တိုင်းရင်းသားအားလုံးကို မေ့ထားမည်မဟုတ်ဘဲ တိုင်းရင်းသားဒေသအားလုံး ငြိမ်းချမ်းစေလိုသည့် ဆန္ဒရှိနေကြောင်း ဦးဟင်နရီဗန်ထီးယူက မတ်လ ၁၀ရက်တွင် ပြောဆိုထားသေးသည်။

ယနေ့ သမ္မတရွေးချယ်ပွဲတွင် ဦးထင်ကျော်က သမ္မတ၊ ဦးမြင့်ဆွေက ဒုတိယသမ္မတ(၁)နှင့် ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ(၂)အဖြစ် အသီးသီးရွေးချယ်တင်မြှောက်ခံရသည်။

သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းသည် မတ်လကုန်တွင် ကုန်ဆုံးမည်ဖြစ်ရာ ယခုရွေးချယ်တင်မြှောက်ခြင်းခံရသော သမ္မတ၊ ဒုတိယသမ္မတများသည် ဧပြီလ ၁ရက်တွင် စတင်ကာ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...