သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် မဲပေးမမှားကြရန် NLD အမတ်များကို ဒေါ်အောင်ဆန်းစုကြည် မှာကြား

သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် မဲပေးမမှားကြရန် NLD အမတ်များကို ဒေါ်အောင်ဆန်းစုကြည် မှာကြား
by -
မဇ္စျိမ
အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် (NLD) ပါတီ မှ အမတ်များအနေဖြင့် ပြည်ထောင်စုလွှတ်တော်၌ မတ် ၁၅ ရက်တွင်ပြုလုပ်မည့် နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲတွင် ဆန္ဒမဲပေးမမှားကြစေရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း NLD အမတ်များထံမှသိရသည်။

NLD အမတ်များတည်းခိုနေထိုင်သည့် နေပြည်တော် စည်ပင်ရိပ်သာ အဆောင်များရှိရာသို ့ ယနေ ့ ညနေပိုင်းက ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်မှာကြားခဲ့ခြင်းဖြစ်သည်။

“နောက်ဆက်တွဲတွေရှိသေးတယ် အဓိက ဥက္ကဋ္ဌပြောတာကတော့ ပြည်သူကို စိတ်ချမ်းသာစေချင်တယ်။ မနက်ဖြန်မဲပေးတဲ့အခါမှာ အမှားအယွင်းမဖြစ်စေဖို ့ အဲ့ဒါပါပဲ ” ဟု တွေ ့ဆုံပွဲသို ့တက်ရောက်ခဲ့သည့် အမတ်တစ်ဦးကပြောသည်။

ပြည်သူ ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် နှင့် တပ်မတော်သား လွှတ်တော်အမတ် များမှ တင်သွင်းခဲ့သည့် ဒုတိယ သမ္မတ သုံးဦး နှင့် ပက်သက်၍ နိုင်ငံတော်သမ္မတအရည်အချင်း နှင့် ကိုက်ညီကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ကကြေငြာခဲ့သည်။

မတ် ၁၅ ရက်နေ ့တွင် ကျင်းပမည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ဒုတိယသမ္မတသုံးဦးဖြစ်သည့် ပြည်သူ ့လွှတ်တော်မှ တင်သွင်းသည့် ဦးထင်ကျော် ၊ အမျိုးသားလွှတ်တော်မှ တင်သွင်းသည့် ဦးဟန်နရီဗန်ထီးယူ ၊ တပ်မတော်မှ တင်သွင်းသည့် ဦးမြင့်ဆွေတို ့သုံးဦးအနက် တစ်ဦးကို သမ္မတအဖြစ်ရွေးချယ် တင်မြှောက်ကြမည်ဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...