ဒုသမ္မတ ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ မထုတ်ပြန်ပေးခြင်းက မဲဆန္ဒရှင်အခွင့်အရေး ချိုးဖောက်ခြင်းလားဟု ကြ့ံခိုင်ရေးမေးခွန်းထုတ်

ဒုသမ္မတ ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ မထုတ်ပြန်ပေးခြင်းက မဲဆန္ဒရှင်အခွင့်အရေး ချိုးဖောက်ခြင်းလားဟု ကြ့ံခိုင်ရေးမေးခွန်းထုတ်
by -
မဇ္စျိမ
ဓာတ်ပုံ-အီးပီအေ
ဓာတ်ပုံ-အီးပီအေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးချယ်ကာ ပြည်သူ့လွှတ်တော်အမတ်များ၏ ထောက်ခံချက်ဖြင့် ဒုသမ္မတဖြစ်လာသည့် ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို NLDက တရားဝင်မထုတ်ပြန်ပေးခြင်းက မဲဆန္ဒရှင်များ၏ မူလအခွင့်အရေးကို ထိပါးစေသော အပြောင်းအလဲလားဟု ကြ့ံခိုင်ရေးပါတီက ၎င်းပါတီက ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာကတဆင့် မေးခွန်းထုတ်လိုက်သည်။

ဦးထင်ကျော်၏ ကိုယ်ရေး အတ္ထုပ္ပတ္တိကို ပြည်သူများအား ရင်းနှီးပွင့်လင်းစွာ ချမပြခဲ့ခြင်းမှာ အင်အားကြီးပါတီက အင်အားနည်းပါတီများကို ဖိနှိပ်သည့် အသွင်ဆောင်စေသည်ဟု ပြောဆိုလိုက်သည်။

"ပြောင်းလဲချိန်တန်ပြီဟူသော ခေါင်းစဉ်အောက်တွင် မဲဆန္ဒရှင်များ၏ နိုင်ငံသား မူလလူ့အခွင့်အရေးကို ထိပါးစေသော အပြောင်းအလဲ များ လုပ်လာလေပြီလား" ဟုလည်း မေးခွန်းထုတ်ထားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမည်စာရင်း တင်သွင်းသော ဦးထင်ကျော် နှင့် ဦးဟင်နရီဗန်ထီးယူတို့ နှစ်ဦး နှင့် တပ်မတော်ဘက်က အမည်စာရင်းတင်သွင်းသည့် လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေတို့က လွှတ်တော် သုံးရပ်လုံး၏ အတည်ပြုချက်ဖြင့် ဒုသမ္မတအဖြစ် အတည်ပြုခံရပြီးဖြစ်သည်။

မတ်လ ၁၅ရက်တွင် ၎င်းတို့ သုံးဦးအနက် တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် မဲပေးရွေးချယ် တင်မြှောက်တော့မည်ဖြစ် သည်။ ကျန်နှစ်ဦးမှာ ဒုသမ္မတ (၁) (၂)အဖြစ် ထပ်မံ အရွေးချယ်ခံရမည်ဖြစ်သည်။

ဆရာကြီး မင်းသုဝဏ်၏သားဖြစ်သူ ဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးဆောင်နေသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စိတ်ချရဆုံးသော သူတစ်ဦးထဲတွင် ပါဝင်ကာ ဒေါ်အောင်ဆန်းစုကြည်ထက် တစ်နှစ်ငယ်ကာ ဒဂုံ(၁)ကျောင်း၌ ပညာအတူ ဆည်းပူးခဲ့သူလည်း ဖြစ်သည်။

၎င်း၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်မှာ NLD၏ နာမည်ကြီးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးလွင်၏ သမီးဖြစ်ပြီး ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံထားရသူလည်းဖြစ်သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...