တပ်မဟာ အသစ်ဖွဲ့စည်းခြင်း မရှိဟု KIA ငြင်း

တပ်မဟာ အသစ်ဖွဲ့စည်းခြင်း မရှိဟု KIA ငြင်း
by -
မဇ္စျိမ
တပ်မဟာ အသစ်ဖွဲ့စည်းခြင်း မရှိဟု KIA ငြင်း
တပ်မဟာ အသစ်ဖွဲ့စည်းခြင်း မရှိဟု KIA ငြင်း
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ လက်အောက်ခံ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်မဟာ ၆ ကို ၂၀၁၁ခုနှစ် ကတည်းက ဖွဲ့စည်းထားခြင်းဖြစ်ပြီး တပ်မဟာ အသစ်ဖွဲ့စည်းခြင်းမရှိကြောင်း KIO မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

တကျော့ပြန် စစ်ပွဲများ၏ လုုိအပ်ချက်ကြောင့် KIA တပ်မတော် ၆ ကုုိ ၂၀၁၁ ခုုနှစ် အောက်တုုိဘာ ၂၂ ရက်က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တပ်မဟာ ၄မှ တပ်မဟာမှူးက ပူးတွဲတာဝန်ယူထားရာမှ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဒုုဗုုိလ်မှူးကြီး မရန်ဇော်ဂေါင်အား တပ်မဟာ ၆ တပ်မဟာမှူး အဖြစ် တာဝန်လွှဲပြောင်းဆုတောင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“UPWC က ကန့်ကွက်စာထုုတ်လုုိက်တာလေ။ တာဝန်အလွဲအပြောင်းလုုပ်တဲ့ နေရာမှာ ဆုုတောင်းပွဲလုုပ်တာ ကုုိ အသစ်ဖွင့် တယ်လုုိ့ ကျွန်တော်တုုိ့ကုုိ ပြောတာပေါ့။ ကျွန်တော်တိုု့ကတော့ ဘာမှသဘောထား မရှိပါဘူး။ ဆုုိလုုိချင် တာကတော့ ဖွင့်တာ ကြာပြီ။ ခုုမှ ကန့်ကွက်တယ် ဆုုိတာက သဘာဝ သိပ်မကျဘူးလိုု့ ရှုမြင်တယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်

ပြည်ထောင်စုု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုုပ်ငန်းကော်မတီ က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက် ကန့်ကွက်ခဲ့သလုုိ၊ ကချင်ပြည်နယ် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့မှလည်း မတ် ၃ ရက်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း အကြောင်းကြားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပုုိင်း ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ထိန်းချုပ်ဒေသဖြစ်သည့် မုုန်းဘော်၊ မုုန်းကုုိးနှင့် ဖောင်းဆုုိင် နယ်မြေ သုံုးခုုတွင် KIA တပ်မဟာ ၆ ကုုိ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တပ်မဟာ ၆ ဖွဲ့စည်းရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုုက္ခသည်များအရေးနှင့် လူထုုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့နှင့် ပတ်သက်၍ သဘောထားထုုတ်ပြန်ချက်နှင့် အတူ လူထုု ရှင်းလင်းပွဲကုုိ ယနေ့ မတ်လ ၉ ရက်တွင် လုုိင်ဇာမြို့ တွင် ကျင်းပခဲ့သည်ဟုု သိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...