အမျိုးသမီးများ၏ အခန်းကဏ္ဍကို အလေးထားဆောင်ရွက်ပေးရန် လာမည့်အစိုးရသစ်ကို တိုက်တွန်း

အမျိုးသမီးများ၏ အခန်းကဏ္ဍကို အလေးထားဆောင်ရွက်ပေးရန် လာမည့်အစိုးရသစ်ကို တိုက်တွန်း
by -
မဇ္စျိမ
 မြန်မာနိုင်ငံ၏ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများ တန်းတူ ပါဝင်နိုင်ရန်နှင့် အမျိုးသမီး အခန်းကဏ္ဍကို အလေးထားဆောင်ရွက်ပေးရန် လာမည့် အစိုးရသစ်ကို မတ် ၈ ရက်နေ့တွင် ကျရောက်သောအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အေးချမ်းမြန်မာအင်စတီကျု့ (Gender and Development Institute-Myanmar)၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းလိုက်သည်။

မြန်မာနိုုင်ငံတွင် ဖက်ဒရယ် ဒီမိုုကရေစီနိုုင်ငံတော်သိုု့ ချီတက်နိုုင်ရန် ပြင်ဆင်နေသည့်အချိန်တွင် မကြာမီ စတင် ဖွဲ့စည်းတော့မည့် အစိုုးရအဖွဲ့သစ်တွင် တိုုင်းရင်းသားလူမျိုးများအပါအဝင် အမျိုးသမီးများ ပါ၀င်တာဝန်ယူမှု အနည်းဆုံုး ၃၀ ရာခိုုင်နှုန်းအထိ တိုုးမြှင့်ရရှိနိုုင်ရန်၊ ယခုုအချိန်အထိ လျှော့ချထိန်းချုပ်နိုုင်ခြင်းမရှိသေးသော သက်ငယ် မုုဒိန်းမှုများကိုု လုံုးဝပပျောက်နိုုင်သည်အထိ နိုင်ငံတော်အစိုုးရ အနေဖြင့် အထူး အလေးအနက်ထား ဆောင်ရွက်ပေးရန် အေးချမ်းမြန်မာအင်စတီကျု့ (Gender and Development Institute-Myanmar)၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်ထောင်စုုလွှတ်တော် အနေဖြင့်လည်း အမျိုးသမီးများအား အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရေး ဥပဒေကြမ်းကိုု အမြန်ဆုံုးအတည်ပြု ပြဌာန်းနိုုင်ရန်လည်း တောင်းဆိုထားသည်။

၂၀၁၆ ခုုနှစ်အတွက် ကုုလသမဂ္ဂမှ ချမှတ်ထားသော ဆောင်ပုုဒ်ဖြစ်သည့် “Planet 50-50 by 2030: Step It Up for Gender Equality” နှင့်အညီ ၂၀၃၀ ပြည့်နှစ်အရောက်တွင် တိုုင်းပြည်များ၏ နိုုင်ငံရေး၊ အုုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် အမျိုးသမီးနှင့် အမျိုးသား အချိုးအဆညီတူညီမျှ ပါ၀င်ဆောင်ရွက်နိုုင်ရေး အတွက် ဦးတည်ရည်မှန်းချက်ထား ၀ိုုင်းဝန်းဆောင်ရွက်ကြရန်လည်း ထုတ်ပြန်ချက်တွင် နှိုးဆော်ထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...