အမျိုးသားအကျိုးစီးပွားအတွက် ဒုသမ္မတလုပ်မည်ဟု သူရသက်ဆွေပြော

အမျိုးသားအကျိုးစီးပွားအတွက် ဒုသမ္မတလုပ်မည်ဟု သူရသက်ဆွေပြော
by -
မဇ္စျိမ
ကမ်းလှမ်းလာပါက အမျိုးသားအကျိုးစီးပွားအတွက် ဒုသမ္မတတာဝန်ကိုထမ်းဆောင်မည်ဟု တပ်မတော်သားအမတ်များက အဆိုပြုမည့် ဒုတိယသမ္မလောင်းအဖြစ် နာမည်ထွက်နေသူ ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေက ပြောဆိုလိုက်သည်။

“ကမ်းလှမ်းလာတဲ့အခါကျတော့လည်း အမျိုးသားအကျိုးစီးပွားအတွက် လုပ်ရမှာပေါ့” ဟု ဒုသမ္မတရာထူးကို ရည်ညွှန်းကာ သူရသက်ဆွေက မတ်လ ၈ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

သို့သော် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် တပ်မတော်မှ တရားဝင်ကမ်းလှမ်းထားခြင်းမရှိသေးဟု သူရသက်ဆွေက ဆိုကာ သတင်းထွက်ပေါ်နေမှုများအပေါ် အတည်မပြုခဲ့ပေ။

“ကမ်းလှမ်းမှုလည်း မရှိသေးဘူး။ အတည်မပြုနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဘက်က တင်မြှောက်မည့် ဒုသမ္မတတစ်ဦးအဖြစ် ထင်ကြေးပေးခံနေရသူ သူရသက်ဆွေသည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးရာထူးမှ အငြိမ်းစားယူကာ ၂၀၁၅နိုဝင်ဘာရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ ကိုကိုးကျွန်းမြို့မှ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲဝင်ကာ အနိုင်ရလာသူ ဖြစ်သည်။

သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ်တင်မြှောက်မည့် လွှတ်တော်အမတ်များ၏ အစုအဖွဲ့အလိုက် အစည်းအဝေးများကို မတ်လ ၁၀ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဒုသမ္မတလောင်းအဆိုပြုလွှာများကို မတ်လ ၈ရက်ပြည်သူ့လွှတ်တော်တွင် လွှတ်တော်အမတ်များကို လွှတ်တော်ရုံးက ဝေငှထားပြီဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...