အစိုးရသစ်လက်ထက်တွင် တရုတ်နိုင်ငံအတွင်းသို့ မြန်မာဘက်မှ ဗုံးများ ထပ်မပေါက်ဖို့ တရုတ်မျှော်လင့်

အစိုးရသစ်လက်ထက်တွင် တရုတ်နိုင်ငံအတွင်းသို့ မြန်မာဘက်မှ ဗုံးများ ထပ်မပေါက်ဖို့ တရုတ်မျှော်လင့်
by -
မဇ္စျိမ
အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေရရှိအောင် ဆောင်ရွက်နိုင်ပြီး မြန်မာနိုင်ငံဘက်မှ ဗုံးများ တရုတ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲသည့် ဖြစ်စဉ်မျိုး ထပ်မဖြစ်ရန် မျှော်လင့်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောသည်။

”မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့ တရုတ်က အနှစ်သက်အလိုလားဆုံးပါ ဗုံးတွေလည်း တရုတ်ဘက်မှာ မပေါက်တော့ဘူးပေါ့” ဟု ပြီးခဲ့သည့်နှစ်အတွင်း တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ဝင်များ တိုက်ပွဲအတွင်း ဗုံးများ တရုတ်နိုင်ငံသို့ ကျရောက်ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်ကို ရည်ညွှန်းလျက် မစ္စတာ ဟုန်လျန်က ပြောသည်။

မတ်လ ၄ ရက် သူ၏နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ တံခါးဖွင့် မူဝါဒ ကျင့်သုံးအပြီး အခြားနိုင်ငံတစ်ခုမှ ဗုံးများ ကျရောက်ပေါက်ကွဲသည့် ဖြစ်စဉ်များ မဖြစ်ခဲ့ဘဲ မြန်မာနိုင်ငံဘက်မှ ဗုံးများသာ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သူကဆိုသည်။ “ဆွေးမျိုးပေါက်ဖေါ် မြန်မာနိုင်ငံရဲ့ ဗုံးတွေကတော့ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ အခြားနိုင်ငံတွေ ဆိုရင်တော့ တုန့်ပြန်ရပါလိမ့်မယ်” ဟု သူက ပြောသည်။

“ဒီဖြစ်ရပ်တွေကို မဖြစ်ဖို့ NLD အစိုးရက ငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုရင် ကျနော်တို့ ကြိုဆိုပါတယ်” ဟု ဆိုသည်။ “ မြန်မာတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြန်လည် သင့်မြတ်ဖို့ အရေးကြီးပါတယ်” ဟုလည်း သူက ပြောသည်။

“လက်ရှိအချိန်ကတော့ မြန်မာနိုင်ငံအတွက် ဘယ်အလုပ်က အရေးကြီးသလဲ၊ ဘယ်ဟာက အရေးကြီး ဆုံးလဲ ပြောလို့မရပါဘူး။ NLD ကတော့ ငြိမ်းချမ်းရေးရဖို့ ပြောထားတာရှိတယ် ငြိမ်းချမ်းရေး မရဘူးဆိုရင်တော့ မဖွံ့ဖြိုးဘူးပေါ့။ ကျနော်တို့ကတော့ တရုတ်မြန်မာ  ချစ်ကြည်ရင်းနှီးရေး ဆက်ရှိနေဖို့ပါပဲ” ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ၏ နောက်လာမည့် သမ္မတအဖြစ် မည်သူ့ကို မြင်လိုသနည်းဟူသည့် မေးခွန်းကိုမူ မစ္စတာ ဟုန်လျန်က ဖြေကြားသွားခြင်းမရှိဘဲ “မြန်မာပြည်သူများသာ ဆုံးဖြတ်ရမည့် ကိစ္စ” ဟု ဆိုခဲ့သည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...