ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရေခမ်းခြောက်၍ သောက်သုံးရေအခက်အခဲဖြစ်

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရေခမ်းခြောက်၍ သောက်သုံးရေအခက်အခဲဖြစ်
by -
မဇ္စျိမ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှေကျေးရွာအုပ်စုတွင် ယခင်နှစ်များထက် စောစီးစွာ ရေကန်များ ခမ်းခြောက်မှုကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေ ရသည်ဟု ဒေသခံများက ပြောကြားသည်။

ပွေးလှကျေးရွာအုပ်စုအတွင်းရှိ ရှောက်ပင်ရွာ၊ ပွင့်လန်းရွာ၊ ၀ါထရာရွာတို့ စုပေါင်းအားထား အသုံးပြု သော တောင်ကျရေအိုင်နှင့် စိမ့်စမ်းရေထွက်ကန်တို့မှာ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစတင် ခမ်းခြောက်သွားပြီး သောက်သုံးရေအတွက် ၃ မိုင်ခန့်ဝေးသော စက်ရေတွင်းရှိသည့် ပွေးလှရွာသို့ နွားလှည်း၊ ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့်ရေဝယ်ယူသုံးစွဲနေရသည်ဟု ရှောက်ပင်ရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးထွန်းကြိုင်ကပြောသည်။

''ပုံးဝါ(ရေ ၂၀ လီတာဆန့်ပုံး) တစ်ပုံးကို တစ်ရာ၊ နှစ်ရာကျပ်ပေးဝယ်ရတယ်။ ခါတိုင်းနှစ်တွေလဲ ခမ်းတယ်ဆိုပေမယ့် ဒီနှစ်စောပြီးခမ်းကုန် တယ်၊ ဌာနဆိုင်ရာက ရေကန်ကို နှုန်းတွေလာဆယ်ပေး ပေမယ့် မိုးမရွာတော့ ဘာမှလုပ်လို့မရဘူး။ အဘတို့လို့ မရှိဆင်းရဲသားတွေ နေ့စဉ် ရေဝယ်သုံးနေရ တော့ ဘယ်လိုမှအဆင်မပြေဘူး။'' ဟု ၄င်းကဆိုသည်။

ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ဖေ ကလည်း ဖြစ်နိုင်ပါက စက်ရေတွင်းများတူးပေးလျှင် အဆင်ပြေ မည်ဖြစ်ပြီး ရွာသုံးရွာအသုံးပြုနေသော တောင်ကျရေအိုင်မှာ ကျွဲ၊ နွားများအတွက်သာ အသုံးဝင်တော့ သည်ဟုပြောကြားသည်။

သောက်သုံးရေခက်ခဲလျက်ရှိသော ရှောက်ပင်ရွာတွင် အိမ်ခြေ ၁၇၀၊ လူဦးရေ(၇၄၀)ခန့်၊ ၀ါထရာရွာတွင် အိမ်ခြေ ၁၂၀၊ လူဦးရေ(၅၉၀)ခန့်၊ ပွင့်လန်းရွာတွင် အိမ်ခြေ ၂၀၀၊ လူဦးရေ(၈၇၀)ခန့်ရှိပြီး ဓနု၊ တောင်ရိုး၊ ပအိုဝ့်၊ ရှမ်း လူမျိုးတို့စုပေါင်းနေထိုင်ကြ သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ကုန်ပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်း လက်မောင်းကွေးကျေးရွာအုပ်စုတွင် အချိန်အခါမဟုတ် ရေခန်းခြောက်မှုကြောင့် ဒေသခံများအတွက် ယနေ့ထိရေအလှူရှင် လိုအပ်လျှက်ရှိသည်။

ပွေးလှကျေးရွာအုပ်စုအတွင်းရှိ ရေခမ်းခြောက်မှု အခြေအနေအား အကူအညီပေးရန် သွားရောက် ကြည့်ရှုခဲ့သော တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်းလူငယ်အထောက်ကူပြုအဖွဲ့မှ ဦးအောင်ဆန်းက
ရှောက်ပင်ရွာ၊ ပွင့်လန်းရွာ၊ ၀ါထရာရွာတို့စုပေါင်းသုံး ရေကန်များခမ်းခြောက်သွားပြီး အနီးအနားရှိ ကျားကုန်းရွာ၊ ဒီပေရွာ၊ ကြိမ်တောရွာ၊ စင်္ကြာတောရွာနှင့် အခြားရွာများလည်း ခမ်းစပြုနေသည် ကိုမြင်တွေ့ခဲ့ရသည်ဟု မဇ္စျိမသို့ပြောသည်။

သောက်သုံးရေနှင့်ပတ်သက်ပြီး အခက်ခဲရှိပါက သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနများသို့ ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း ပြည်နယ်နှင့်တိုင်းအလိုက် ညွှန်ကြားရေးမှူးများ၏ ဖုန်းနံပါတ်များထုတ်ပြန်ထားသော်လည်း မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်းမရှိပေ။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...