တိုးဂိတ်မှာ ရမ်းကားသူကို စစ်ဆေးရာမှ ရွှေ တစ်ပိဿာကျော်နှင့် သိန်း ၂၀၀ ကျော် ဖမ်းမိ

တိုးဂိတ်မှာ ရမ်းကားသူကို စစ်ဆေးရာမှ ရွှေ တစ်ပိဿာကျော်နှင့် သိန်း ၂၀၀ ကျော် ဖမ်းမိ
by -
မဇ္စျိမ
ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်လုံတိုးဂိတ်တွင် သေနတ်ပစ်ဖေါက်ကာ တိမ်းရှောင်သွားသူကို လိုက်လံစုံစမ်းဖေါ်ထုတ်ရာမှ ရွှေထည်ပစ္စည်း မျိုးစုံတို့ပါဝင်သည့် အလေးချိန် တစ်ပိဿာ ရွှေသားများနှင့် ငွေကျပ် သိန်း ၂၀၀ ကျော်ကို ဖမ်းဆီးမိသည်ဟု နိုင်ငံပိုင် သတင်းစာ ကြေးမုံတွင် မတ်လ ၄ ရက်က ဖေါ်ပြသည်။

နောင်လုံ တိုးဂိတ်တွင် ဖေဖေါ်ဝါရီ ၂၉ ရက်က သေနတ် ပစ်ဖေါက်ကာ တိမ်းရှောင်သွားခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်တို့ လျှို့ဝှက် စုံစမ်းရာမှ ထိုသူသည် စောပုံးပုံဟု သိရှိရပြီး နောင်လုံ အနောက် ကျေးရွာအုပ်စု ရွှေလှိုင်ကျေးရွာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သူနှင့်အတူ လက်နက်ရှိနေသူ စောတင်သိန်း၊ ဦးစန်းညိုတို့ကို တွေ့ရှိရပြီး ယင်းတို့ထံမှ AK-47 တစ်လက်၊ M-16 သုံးလက်၊ M-41/A-1 လောင်ချာတွဲတစ်လက်နှင့် လက်နက်ပေါင်း ခုနှစ်မျိုးနှင့် ကျည်ဆံများ၊ ကာရီနား အဖြူရောင် ယာဉ်တစ်စီးတို့ကိုပါ ထိန်းသိမ်း ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

စောပုံးပုံကို စစ်ဆေးချက်အရ ဘားအံမြို့နယ် မြပြည်သရက်တောကျေးရွာရှိ သူ၏နေအိမ်ကို ထပ်မံသွားရောက် စစ်ဆေးရာ နေအိမ်အတွင်း ရွှေထည်ပစ္စည်းမျိုးစုံ တစ်ပိဿာ သုံးကျပ်သား၊ မြန်မာငွေကျပ် ၂၂၂ သိန်း၊ ထိုင်းဘတ်ငွေ သုံးသိန်း တစ်သောင်းတို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။

စောပုံးပုံ အပါအဝင် သုံးဦးကို လက်နက်ပုဒ်မဖြင့်လည်းကောင်း၊ မူးယစ်ဆေး ပုဒ်မဖြင့်လင်းကောင်း အိန္ဒူနယ်မြေ ရဲစန်းက အမှုဖွင့်ထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...