ပဲခူးရိုးမ သစ်တောကြိုးဝိုင်း နှစ်ခုတွင် ပုဒ်မ ၁၄၄ ထုတ်ထား

ပဲခူးရိုးမ သစ်တောကြိုးဝိုင်း နှစ်ခုတွင် ပုဒ်မ ၁၄၄ ထုတ်ထား
by -
မဇ္စျိမ
ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများမှ ကာကွယ်ရန် သစ်တောကြိုးဝိုင်း နှစ်ခုကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း မတ်လ ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြထားသည်။

“ဇာမရီကြိုးဝိုင်း၊ ရွှေလောင်းကိုယ်တူကွဲစလူ ကြိုးဝိုင်း၊ တားမြစ်နယ်မြေအတွင်း သစ်ခုတ်၊ ဝါးခုတ်၊ ထင်း၊ မီးသွေး ထုတ်ယူခြင်းမပြုရန်နှင့် ဝင်ထွက်သွားလာမှု မပြုရန် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်” ဟု ကြေးမုံသတင်းစာက ရေးသားသည်။

သစ်တောထွက် ပစ္စည်းများဖြစ်သော မီးသွေး၊ ဝါး၊ ထင်းနှင့် သစ်တောမှ ထွက်ရှိသော တိရစ္ဆာန်ပစ္စည်း မျိုးစုံတို့ကို ထုတ်လုပ် ရောင်းဝယ်ခြင်းအား သစ်တောရေးရာ ဝန်ကြီးဌာနမှ ခွင့်ပြုချက် ယူပြီးမှသာ တရားဝင် သစ်ထုတ်နိုင်သည်ဟုလည်း ဖေါ်ပြထားသည်။

အလားတူ ပဲခူးမြို့နယ်အတွင်း ဇောင်းတူနှင့် တိုက်ကြီးတို့တွင် သစ်တောထွက် ပစ္စည်းများ အများအပြား တရားမဝင် ဝင်ရောက် လုပ်ကိုင်နေခြင်းများဖြစ်ရာ ယခုအကြိမ် မြို့နယ် သစ်တောမှ သစ်တော ဥပဒေဖြင့် ပြင်းပြင်းထန်ထန် အရေးယူဖွယ်ရာ ရှိနေသည်ဟုလည်း အဆိုပါသတင်းက ရေးသားသည်။

”ဇောင်းဖျား ဇောင်းတူ၊ တိုက်ကြီးဇီးတောဘက်မှာ အဓိက ခုတ်နေတာ ကျွန်းပင်တွေ မြင်မကောင်းဘူး၊ ဘောနတ်ကြီး၊ သစ်ဆိပ်ပင်က လမ်းဆုံနေရာဖြစ်တယ်၊ အမြန်လမ်းမကို အသုံးပြုတယ်၊ နေ့ခင်းဘက် ကားတွေကို ရွာတွေထဲ ဝှက်ထားပြီး ညဘက်မှတင်ကြတယ်။ စူပါ ကာစတန် ကားတွေနဲ့ တင်တာပါ” ဟုလည်း ဒေသခံ သစ်လုပ်ငန်းရှင် တစ်ဦး၏ ပြောဆိုမှုကို ကိုးကားရေးသားထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...