MPC ရန််ပုံငွေရပ်သော်လည်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆက်လုပ်မည်

MPC ရန််ပုံငွေရပ်သော်လည်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆက်လုပ်မည်
by -
မဇ္စျိမ
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း လက်ရှိဦးဆောင်နေသည့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) အား မတ်လကုန်တွင် ရန်ပုံငွေ ရပ်တန့်မည်ဖြစ်သော်လည်း အပစ်အခတ်ဆိုင်ရာစောင့်ကြည့်ရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေမည်ဖြစ်ကြောင်း အဆိုပါဌာန၏ အပစ်အခတ်ရပ်စဲရေးဌာန ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

" MPC လုပ်ငန်းအတွက် Funding ရပ်တာကတော့ ၃၁ ရက်နေ့မှာ ရပ်တာ။ တစ်ချို့ လုပ်ငန်းတွေ ဆက်ရှိတာ မျိုးလည်းရှိရင်ရှိမှာပေါ့။ ငွေစာရင်း ပိတ်တာတို့ ဘာတို့ ဆက်ရှိရင်လည်းရှိမှာပေါ့။ နောက် ကျွန်တော်တို့ အပစ် အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ လုပ်တဲ့လုပ်ငန်းစဉ်တွေလည်း ရှိမှာပေါ့" ၎င်းကဆိုသည်။

ဌာနတစ်ခုလုံး ဖျက်သိမ်းရန် ကိစ္စ အတိကျ မပြောနိုင်သော်လည်း လတ်တလော ထောက်ပံ့နေသည့် ပြည်ပ ထောက်ပံ့မှုများ မတ်လကုန်တွင် ရပ်တန့်တော့မည်ဖြစ်သည်ဟု ၎င်းကပြောသည်။

" အဲ့ဒီဟာ ကျွန်တော်တို့ကို ဘာမှ ပြောတာမရှိဘူးဗျ။ နောက်အစိုးရကလည်း ဘာမှ ပြောတာမရှိဘူး။ အခုအစိုး ရကလဲ ဘာမှ ပြောတာမရှိဘူး။ ကျွန်တော်တို့ သိတာကတော့ ၃၁ ရက်နေ့အထိကတော့ ကျွန်တော်တို့ ဆက် ရှိမယ်ပေါ့။ နောက်ပိုင်းကတော့ နောက်အစိုး ရဘယ်လို လုပ်မလဲ အဲ့ဒီအပေါ်မှာ အခုအစိုးရက ဘယ်လို လွှဲမလဲ အဲ့ဒီအပေါ်မှာပဲ မူတည်တယ်"ဟု ဒေါက်တာမင်းဇော်ဦးက ပြော သည်။

မကြာမီတွင် အစိုးရသစ် ဖွဲ့စည်းတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်လည်း အဆိုပါဌာန ဖျက် သိမ်းခြင်း မဖျက်သိမ်းခြင်း ကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်ထိ ဆုံးဖြတ်ချက် မချရသေးကြောင်း သိရသည်။

" ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်မှာပါ။ ငြိမ်းချမ်းရေးစင်တာက လုပ်ခဲ့တဲ့ ပုံစံတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဒီဟာကို ယတိပြတ်လည်း အဆုံးအဖြတ် မပြုရသေးပါဘူး"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုစင်တာကို မူဝါဒဆိုင်ရာ အကြံဉာဏ်များ ပေးခြင်း၊ ငြိမ်းချမ်းရေးဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲခြင်း ပညာရပ်ပိုင်းဆိုင်ရာနှင့် နည်းပညာ ဆိုင်ရာ ထောက်ပံ့ခြင်း နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများ အကြား ချိတ်ဆက် ညှိနှိုင်း ဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်ရန် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးနှင့် အကောင်အထည် ဖော်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေးညှိနှိုင်းမှုများ အကောင်အထည်ဖော်ရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး၊ လူထုဆက်သွယ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အချက်အလက်များ ဖြန့်ဝေ၊ ပြန်ကြားရေး မြေ မြုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင် နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် EU, UN , JICA နှင့် ကမ္ဘာ့ဘဏ် တို့ အပါအဝင် ပြည်ပအလှူရှင်နှင့် မိတ်ဖက်အဖွဲ့အစည်း ၂၆ ဖွဲ့ ရှိကြောင်း သိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...