မြန်မာအစိုုးရက အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တုုိင်းပြည်ဖွံ့ဖြိုးတုုိးတက်ရေးနှင့် လက်နက်ကုုိင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တစ်နုုိင်ငံလုံုး ငြိမ်းချမ်းရေးရရှိရေး ဖော်ဆောင်နေချိန်တွင် ရှမ်းပြည်နယ်မြောက်ပုုိင်း ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ) ထိန်းချုပ်ဒေသဖြစ်သည့် မုုန်းဘော်၊ မုုန်းကုုိးနှင့် ဖောင်းဆုုိင် နယ်မြေ သုံုးခုုတွင် KIA တပ်မဟာ ၆ ကုုိ ဖေဖော်ဝါရီလ ၂၆ ရက်တွင် တရားဝင် တုုိးချဲ့ဖွဲ့စည်းခဲ့ခြင်းကုုိ ကန့်ကွက်ကြောင်း ထုုတ်ပြန်လုုိက်ခြင်း ဖြစ်သည်။
“KIA ၏ တပ်မဟာ ၆ တုုိးချဲ့ဖွဲ့စည်းခြင်းအား ပြည်ထောင်စုု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုုပ်ငန်းကော်မတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း” ပြည်ထောင်စုု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုုပ်ငန်းကော်မတီက ဖေဖော်ဝါရီလ ၂၉ ရက်က သတင်း ထုုတ်ပြန်ထားသည်။
ယခုုကဲ့သုုိ့ တပ်မဟာ ၆ ထပ်မံ တိုုးချဲ့ဖွဲ့စည်းခဲ့ခြင်းသည် နုုိင်ငံတော် အစုုိးရမှ ဖော်ဆောင်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေးကုုိ အသိအမှတ် မပြု၊ ဆန့်ကျင်ရာရောက်သည့်အတွက် ကောင်းကျိုးထက် ဆုုိးကျိုးကုုိသာ သက်ရောက်စေမည်ဟုု ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KIA တပ်မဟာ ၆ တုုိးချဲ့ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုုပ်ငန်းကော်မတီ၏ ကန့်ကွက်စာ တရားဝင် မရရှိသေးသဖြင့် ဖြေဆုုိခြင်း မရှိသေးကြောင်း KIO ၏ နည်းပညာအထောက်အကူပြုအဖွဲ့မှ ပြောရေးဆုုိခွင့်ရှိသူ ဦးဒေါင်ခါးက ပြောသည်။
“ကျနော်တိုု့ ကန့်ကွက်စာ မတွေ့သေးဘူး။ ကျနော်တိုု့ဆီလည်း မရောက်သေးဘူး။ ကန့်ကွက်တယ် ဆုုိရင်လည်း တရားဝင် ကန့်ကွက်ဖုုိ့ လိုုတယ်။ ကန့်ကွက်စာ ကျနော်တိုု့ဆီ မရောက်သေးလုုိ့ ဘာမှ ပြောလိုု့မရဘူး”ဟုု သူက မဇ္ဈိမကုုိ ပြောသည်။
၂၀၁၂ ခုုနှစ် အစုုိးရ စစ်တပ်နှင့် KIA တုုိက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပုုိင်း KIA တပ်မဟာ ၆ ကုုိ တုုိးချဲ့ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း KIA တပ်မဟာမှူးက ပူးတွဲတာဝန်ယူနေခြင်း ဖြစ်ကာ ယခုု ဖေဖော်ဝါရီလ ၂၆ ရက်တွင် တပ်မဟာ ၆ ၏ တပ်မဟာမှူးအဖြစ် ဒုု-ဗုုိလ်မှူးကြီး မရန်ဇော်ဂေါင်အား တာဝန် ပေးအပ်၍ တရားဝင် တုုိးချဲ့ ဖွဲ့စည်းလုုိက်သော ဆုုတောင်းပွဲ အခမ်းအနားကုုိ မုုိင်ဂျာယန်တွင် ကျင်းပခဲ့သည်ဟုု KIO အမည်မဖော်လုုိသူ အရာရှိ တစ်ဦးက ပြောသည်။
“ဒီနေရာတွေက အရင်က ကျနော်တိုု့က ကေအုုိင်အုုိ စတည်ထောင်တုုန်း အခုုပြောတဲ့နေရာတွေ ကျနော်တိုု ့နေရာတွေ ဖြစ်တယ်။ ၁၉၆၈ ခုုမှာ ဗကပ ဝင်လာတဲ့အချိန် ကျနော်တုုိ့ ဆုုတ်ပေးလုုိက်ရ တယ်။ ဒါကြောင့် မူလနေရာကိုု ကျနော်တိုု့ ပြန်ယူတဲ့သဘောပဲ”ဟုု သူက မဇ္ဈိမကုုိ ပြောသည်။
လက်ရှိ KIA တပ်မဟာ ၄ မှူးသည် ဗုုိလ်မှူးကြီး ဟောဝါးဇော်ဂမ် တာဝန်ယူနေခြင်း ဖြစ်သည်။ ယခင် တပ်မဟာ ၄ အဖြစ် မုုန်ဘော်၊ မုန်းကုုိး၊ ဖောင်းဆုုိင် တပ်ရင်း ၂၊ တပ်ရင်း ၃၆ နှင့် တပ်ရင်း ၃၇ နယ်မြေများကုုိ ယခုု KIA တပ်မဟာ ၆ နယ်မြေများအဖြစ် အခြေချသွားရန် တုုိးချဲ့ဖွဲ့စည်းလုုိက်ခြင်း ဖြစ်သည်ဟုု သိရသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လက်အောက်ခံ KIA တွင် တပ်မဟာ ၁ မှ ၈ ထိ ဖွဲ့စည်းထားသည်။
KIO သည် လက်ရှိ အစိုုးရနှင့် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA)တွင် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ အားလုံုး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထုုိးခြင်း မရှိသေးပေ။







