တောင်တွင်းကြီး မီးလောင်မှု အိမ်ခြေ ၁၀၂လုံး ဆုံးရှုံး

တောင်တွင်းကြီး မီးလောင်မှု အိမ်ခြေ ၁၀၂လုံး ဆုံးရှုံး
by -
မဇ္စျိမ
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ညာဂမိုးအုပ်စု ဖျောက်ဆိပ်ကုန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၉ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁၀၂လုံး ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

"လက်ရှိမှာ မီးဘေးကယ်ဆယ်ရေးစခန်းကို ဖျောက်ဆိပ်ကုန်း အမက(၈၁)မှာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ တောင်တွင်းကြီးမြို့က ပြည်သူတွေအနေနဲ့ မီးဘေးသင့်ပြည်သူများအတွက် ထမင်း၊ ရေသန့်၊ အဝတ်အထည်များ ပံ့ပိုးကူညီ လှူဒါန်းကြစေလိုပါတယ်။" ဟု တောင်တွင်းကြီး မြို့ဒေသခံ ဦးအောင်ကျော်ကျော်က မဇ္ဈိမသို့ ပြောသည်။

မီးလောင်ကျွမ်းမှုမှာ ဦးမင်းမင်းဆိုသူ၏ လေးပင် သွပ်မိုး၊ ထရံကာ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့ပြီး သုံးပင်ထရံကာ၊ သွပ်မိုး(၁၀)လုံး၊ လေးပင် သွပ်မိုးထရံကာ(၈၅)လုံး၊ တိုက်အိမ် နံကပ်(၇)လုံး စုစုပေါင်းအိမ်ခြေ(၁၀၂)လုံး လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ မြို.နယ်အုပ်ချုပ်ရေးမှူး၊ မြို.နယ် မီးသတ်ဦးစီးမှူး နှင့် ဆက်သွားမီးသတ်စခန်းများမှ မီးသတ်ယာဉ် (၃)စီး၊ တောင်တွင်းကြီးမြို့မှ မီးသတ်ယာဉ် (၁၈)စီး၊ မကွေးခရိုင်မီးသတ် ယာဉ် (၁)စီး ရေသယ်ယာဉ်(၂)စီး၊ ဆက်သွားမီးသတ်စခန်းမှ(သန္ဓေ) ၈ ဦး၊ တောင်တွင်းကြီးမီးသတ်(သန္ဓေ) ၂၂ ဦး၊ အရန်မီးသတ်(၁၀၀)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင်(၄၀)ဦး၊ တပ်မတော် ခ.မ.ရ (၁၀၃)မှ တပ်ရေးဗိုလ်ကြီးပါ(၇၀)ဦး၊ စုစုပေါင်း အင်အား(၂၄၀)ဦးခန့်နှင့် ဒေသခံ ပြည်သူများ ဝိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ ညနေ ၃နာရီ ၄၅ တွင် မီးညွန့်ကျိုးပြီး ၄နာရီခွဲတွင် မီးငြိမ်းခဲ့သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...