မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု အစိုးရထုတ်ပြန်ချက် AA လက်နက်ကိုင်အဖွဲ့ကန့်ကွက်

မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု အစိုးရထုတ်ပြန်ချက် AA လက်နက်ကိုင်အဖွဲ့ကန့်ကွက်
by -
မဇ္စျိမ
ရခိုင်လက်နက်ကိုင်အဖွဲ့(AA) နှင့်ဆက်စပ်သူတစ်ဦး ဖမ်းမိပြီးနောက် မူးယစ်ဆေးဝါးရောင်းဝယ်ကာ လက်နက်ထောက်ပံ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်ကို ရခိုင်အမျိုးသားအဖွဲ့ချုပ် /ရခိုင်တပ်မ တော် ULA/AA က ကန့်ကွက်ကြောင်းသိရသည်။

211fab38 9c48 441c 806c 9446bb02ccecတာမွေမြို့နယ်တွင် Arakan Army (AA) အဖွဲ့မှ ဒုဗိုလ်မှူးကြီး အဆင့်ရှိ အောင်မြတ်ကျော် အား ဖမ်းမိပြီး နောက် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်/ခဲယမ်းများ တရားမဝင် ရောင်းဝယ်မှုများရှိ နေ ကြောင်း၊ ပါဝင်ပတ်သက်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနအား ကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၉ရက်နေ့က  သတင်း ထုတ်ပြန်ထားသည်။

ရခိုင်တပ်မတော်နှင့်ဆက်စပ်၍ဖမ်းမိသူများအား ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများကို ထုတ်သုံးလျက် အတင်းအဓ္ဓမ နှိပ်စက်ဝန်ခံခိုင်းခြင်း၊ မူးယစ်ဆေးဝါးရောင်းသူများဖြစ်အောင် ဇာတ်လမ်းဆင်ပုံဖော်ခြင်း သာဖြစ်ပြီး တစ်ကမ္ဘာလုံးသိရှိထားသည့် အမှန်တရားမှာကား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဖြန့်ဝေခြင်းများကိုပြုလုပ်နေကြသူများမှာ “မြန်မာစစ်တပ်အုပ်စု သာဖြစ်သည်” ဟု ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရခိုင်တပ်မတော် သတင်းနှင့်ပြန်ကြားရေး က ပြန်လည်တုံ့ပြန်သည်။

အခြေအမြစ်မရှိစွပ်စွဲ ရေးသားချက်များဟု ဆိုကာ အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ကာ ရခိုင်တပ်မတော်အပေါ် အမြစ်ပြုတ်ချေမှုန်းရေး လုပ်နေသော မြန်မာစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက် နေမှု အပေါ်တွင်လည်း အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါကြောင်း သတင်းနှင့်ပြန်ကြားရေး ရခိုင်အမျိုးသား အဖွဲ့ချုပ်/  ရခိုင်တပ်မတော်က အသိပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၆ ရက် နံနက် ၂ နာရီ ၂၀ မိနစ်တွင် သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် နတ်မောက်ရပ်ကွက် ဦးထွန်းမြတ်လမ်း၊ Victor International School ရှေ့၌ မီးဖွင့်ပြီး စက်နှိုး ရပ်ထားသော Toyota Hilux Vigo ယာဉ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာ Austria နိုင်ငံလုပ် GNP-190 နံပါတ်ပါ 9MM သံကိုယ်ထည် အနက်ရောင် ပစ္စတို (၁)လက်နှင့် ဆက်စပ် ပစ္စည်း (၁၄)မျိုးအား တွေ့ရှိမှုဖြင့် Arakan Army(AA) အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အောင်မြတ်ကျော်(ခ) ညီညီစိုး( ခ) မင်းခန့် (ခ) ညီညီ(၂၆) နှစ်အား လက်နက် အက်ဥပဒေဖြင့် အရေးယူခဲ့သည်။

ယင်းအပြင် အောင်မြတ်ကျော် ငှားရမ်းနေထိုင်သည့် မြောက်ဒဂုံရှိနေအိမ်၊ မြောက်ဥက္ကာလာရှိနေအိမ်၊ လှိုင်သာယာရှိနေအိမ် တို့ကို စစ်ဆေးရာ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးမိသည့်အတွက် လက်နက်အက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ပုဒ်မများဖြင့် အရေးယူထားကြောင်း ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...