မူးယစ်တိုက်ဖျက်ပြီး သေနတ်ဖြင့် ပစ်ခံရ၍ ဒဏ်ရာရသူ ၃၀ကျော်နေပြီ

မူးယစ်တိုက်ဖျက်ပြီး သေနတ်ဖြင့် ပစ်ခံရ၍ ဒဏ်ရာရသူ ၃၀ကျော်နေပြီ
by -
မဇ္စျိမ
လူထုုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့ လက်နက်များဖြင့် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရသူ ၃၀ ကျော်နေပြီ ဖြစ်ပြီး မြစ်ကြီးနားမြို့ ဒေသခံများက လူထုုဆန္ဒပြ ကန့်ကွက်မှုများ ယခုု ည ၈ နာရီကျော်တွင် ဦးဇခုုန်တိန်းယိန်း၏ နေအိမ်ရှေ့သုုိ့ဆန္ဒ ဖော်ထုုတ်ရန် သွားရောက်နေဆဲ ဖြစ်သည်။

အစောပုုိင်းက မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံုရှေ့တွင် လူထုု ၁၀၀ ကျော်မှ ဆန္ဒဖော်ထုုတ်ခဲ့ရာရာ တစ်ဖြည်းဖြည်း လူထုု ထောင်ဂဏန်းရှိ လာကာ စီတာပူရပ်ကွက်ရှိ ကချင်ပြည်နယ် ဝန်ကြီးချုပ်   နေအိမ်ရှေ့တွင်လည်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ထုုိမှ မြေမြင့်ရပ်ကွက်ရှိ ဦးဇခုုန်တိန်ယိန်း၏ နေအိမ်ရှေ့တွင် ဆန္ဒပြရန် သွားရောက်နေဆဲ ဖြစ်သည်။

“ကျနော်တိုု့ ဝန်ကြီးချုပ်အိမ် အရင်ပြတယ်။ အခုုတော့ ဦးဇခုုန်တိန်ယိန်းအိမ်ကုုိ သွားလမ်းမှာရှိနေတယ်။ လူက ၁၀၀၀ ကျော်ရှိမယ်”ဟုု ကချင်မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့မှ ဦးမရန်ဘောက်နော်က မဇ္ဈိမကုုိ ပြောသည်။

ကချင်မူးယစ်ဆေးဝါတုုိက်ဖျက်ရေးအဖွဲ့မှ ဒဏ်ရာရသူများထဲမှ လူ ၂ ဦးသေဆုံုးသည်ဟုု သိရသော်လည်း အသေးစိတ်မသိရသေးကြောင်း ဦးမရန်ဘောက်နော်က “ဒီလုုိပါ။ ဆေးရုံုရောက်နေတဲ့ လူတွေထဲကလည်း အခင်းဖြစ်တဲ့နေရာကလားတော့ သေချာမသိဘူး။ လူ ၂ ယောက် ဆုံုးသွားတယ်လိုု့ ပြောနေတယ်။ အတိအကျတော့ မသိသေးဘူး”ဟုု သူက ပြောသည်။

သို့သော် ထိုသတင်းကို မဇ္ဈိမက အတည်ပြုရန် ကြိုးစားနေဆဲဖြစ်ပြီး အတည်ပြုချက် မရသေးပေ။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...