ပန်ဆေးပြည်သူ့စစ်အဖွဲ့နှင့် KDA တိုက်ပွဲဖြစ် ၁ ဦး သေဆုံး

ပန်ဆေးပြည်သူ့စစ်အဖွဲ့နှင့် KDA တိုက်ပွဲဖြစ် ၁ ဦး သေဆုံး
by -
မဇ္စျိမ
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းဒေသရှိ ပန်းဆေးပြည်သူ့စစ်အဖွဲ့နှင့်  Kachin Defense Army (KDA) တို့ယနေ့ နံနက်ပိုင်းက တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး ပန်ဆေးပြည်သူ့စစ်အဖွဲ့မှ ၁ ဦးသေဆုံးပြီး KDA ခေါင်းဆောင်တစ်ဦး ဒဏ်ရာရသွားသည်ဟု ပန်ဆေးပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမသို့ပြောကြားသည်။

''ပန်ဆေးဌာနချုပ် ပန်ခမ်းနားမှာဖြစ်တာ၊ ပန်ဆေး ဓါတ်ဆီဆိုင်နားမှာဖြစ်တာ၊ ချောင်းဒီဖက်က ကျွန်တော်တို့ ဟိုဖက်အခြမ်းက KDA အဖွဲ့ပေါ့။ မိုးပေါ်ထောင်ဖေါက်ကြရင်းနဲ့ ကျွန်တော်တို့ဖက်က တစ်ဦး ဆီဆိုင်နောက်က တိုက်ပေါ်မှာသေတာ။ လက်နက်အသေးနဲ့ဘဲ၊ လက်နက်ကြီးတွေမပါဘူး။ တစ်နာရီလောက်ဘဲဖြစ်သွားတာပါ။'' ဟု ၄င်းတပ်ဖွဲ့ဝင်က ဆိုသည်။

ညနေ ၅ နာရီအချိန် မဇ္စျိမက ဆက်သွယ်မေးမြန်းရာ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင်နှင့် ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ ဦးကျော်မြင့်ရောက်ရှိနေပြီး ရဲတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးနေကာ ပါ၀င်သူများကိုအလုပ်ဖြုတ်မည်ဟု ပန်ဆေးပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...