RCSS/SSA ကုုိ တုုိက်ပွဲဖြစ်သည့်နေရာမှ ဆုုတ်ခွာပေးရန် UPWC ညှိနှိုင်း

RCSS/SSA ကုုိ တုုိက်ပွဲဖြစ်သည့်နေရာမှ ဆုုတ်ခွာပေးရန် UPWC ညှိနှိုင်း
by -
မဇ္စျိမ
ရှမ်းပြည်နယ်မြောက်ပုုိင်း တုုိက်ပွဲဖြစ်ပွားနေသည့် နေရာမှ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်(RCSS/SSA) က ယခုုရက်ပိုု်င်းအတွင်း ဆုုတ်ခွာပေးရန် ပြည်ထောင်စုု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုုပ်ငန်းကော်မတီ (UPWC) မှ ဒုုတိယ ဗိုုလ်ချုပ်ကြီး ခင်ဇော်ဦးက ညှိနှိုင်းခဲ့သည်ဟုု သိရသည်။

လက်ရှိ RCSS/SSAနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တိုု့ တုုိက်ပွဲ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ရက်များတွင် UPWC နှင့် RCSS/SSA ဥက္ကဋ္ဌ ဒုုဗုုိလ်ချုပ်ကြီး ယွက်ဆစ်အား အငြိမ်းစား ဒုုဗုုိလ်ချုပ်ကြီး ဦးခင်ဇော်ဦးတုုိ့ တွေ့ဆုံုစဉ် ပြောဆုုိခဲ့ခြင်း ဖြစ်သည်။

“RCSSလည်း NCA လက်မှတ်ထုုိးထားတဲ့အဖွဲ့ဖြစ်တယ်။ တပ်က ဝင်လာလုုိ့ရှိရင် မတော်တဆများ RCSSနဲ့ ထိတွေ့မှုတွေ ဖြစ်လာလိုု့ရှိရင် NCA လက်မှတ်ထုုိးထားတဲ့ လူအချင်းချင်း တုုိက်ဖြစ်တယ် ဆုုိတာမျိုး မဖြစ်စေလုုိတဲ့ အတွက်ကြောင့် RCSSကုုိ (conflict) ပဋိပက္ခ မဖြစ်အောင် တပ်တွေကုုိ အဲဒီနေရာကနေ ထွက်ပေးပါ၊  JMC တပ်နေရာချ ထားရေးမှာ သူတိုု့ RCSSက တောင်ပုုိင်း တပ်တွေလေ။ အရှေ့မြောက်ပုုိင်းတုုိင်းစစ်ဌာနချုပ် နယ်မြေမှာ သူတုုိ့ကုုိ နေရာပေးထားတာ ရှိတယ်။ အဲဒီ နေရာမှာဘဲ ရှိနေဖုုိ့၊ conflictဖြစ်တဲ့နေရာ မပါဘူး။ မပါတော့ အဲဒီကနေ ထွက်ပေးပြီးတော့ သူတုုိ့ကုုိ သတ်မှတ်ထားတဲ့နေရာကုုိ ပြန်ဆုုတ်ပေးပါ။ အဲဒီလုုိ ဦးယွက်ဆစ်ကုုိ လာပြီးတော့ ညှိတာပေါ့”ဟုု ဒုုဗုုိလ်ချုပ်ကြီး ခင်ဇော်ဦးက သတင်းထောက်များကုုိ ဖေဖော်ဝါရီ  ၂၄ ရက်က ပြောဆုုိခဲ့သည်။

အစုုိးရ စစ်တပ်က ဝင်ရောက်လာပါက ပဋိပက္ခ ပုုိမုုိကြီးလာမည်ကုုိ စုုိးရိမ်သဖြင့် RCSS ကုုိ တုုိက်တွန်းရခြင်း ဖြစ်ပြီး RCSS ဥက္ကဋ္ဌ ဒုုဗုုိလ်ချုပ် ယွက်ဆစ်က TNLA နှင့် တွေ့ဆုံုညှိနှိုင်းကာ တပ်များအား ဆုုတ်ပေးသွားမည်ဟုု ပြောဆုုိခဲ့ကြောင်း ၎င်းရှင်းပြသည်။

“ထွက်သွားတဲ့နေရာက ရှမး်ရွာတွေမှာ TNLA က ဒုုက္ခပေးမှာ စိုးပါတယ်။ ကျွန်တော်တိုု့ကတော့ ခင်ဗျားတုုိ့ ထွက်သွားရင် ကျွန်တော်တုုိ့ စောင့်ရှောက်မယ်လုုိ့ပြောတော့။ တပ်မတော်က နယ်မြေမကျွမ်းဘူး။ TNLA အကြောင်း မသိဘူး။ သူတုုိ့ ပြဿနာကိုု တုုိက်ပွဲနဲ့မရှင်းဘူး။ အခြားနည်းနဲ့ ရှင်းမယ်။ ပြေလည်သွားတဲ့အခါမှာ ရှင်းမယ်”ဟုု RCSS ဥက္ကဋ္ဌ ဒုုဗုုိလ်ချုပ် ယွပ်ဆစ်က ပြောကြောင်း ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က ပြောသည်။

အရှေ့မြောက်တုုိင်း စစ်ဌာနချုပ်တုုိင်းမှူးက RCSS ဥက္ကဋ္ဌထံသုုိ့ သဘောတူသတ်မှတ်ပေးထားသည့် နေရာသိုု့ ပြန်လည် ထွက်ခွာစေရန်နှင့် အာစီ အဖွဲ့ နယ်မြေကျော်လွန်ဝင်ရောက်ခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းကြားစာ ပေးပုုိ့ခဲ့ပြီး RCSSဘက်မှလည်း သတ်မှတ်နေရာသိုု့ ပြန်လည် ထွက်ခွာသွားမည် မဟုုတ်ကြောင်း အကြောင်းပြန်ကြားခဲ့သည့် အပြင် လက်နက် အင်အားများ ပုုိမုုိဖြည့်တင်း ဝင်ရောက်လာသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံုအခြေခံ ဥပဒေအရ နယ်မြေခံတပ်များဖြင့် အဆုုိပါ နယ်မြေများ အတွင်း ရောက်ရှိ လှုပ်ရှားလျက်ရှိသော လက်နက်ကုုိင် အဖွဲ့အစည်းများကုုိ ရှင်းလင်းလျက် ရှိကြောင်း ဖေဖော်ဝါရီ ၂၄ရက်နေ့ထုတ် အစုုိးရပုုိင် သတင်းစာတွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပုုိင်း နမ့်ဆန်၊ ကျောက်မဲမြို့နယ်များအတွင်း RCSS/SSA (ရွက်ဆစ်)အဖွဲ့နှင့် TNLA လက်နက်ကိုင် အဖွဲ့များသည် ၂၀၁၅ ခုုနှစ် စက်တင်ဘာ  ၂၅ ရက်မှ ၂၀၁၆ ခုုနှစ် ဖေဖော်ဝါရီ ၁၉ ရက်အထိ တုုိက်ပွဲအကြိမ် ၂၀ ဖြစ်ပွားခဲ့ပြီး တုုိက်ပွဲကြောင့် စုုစုုပေါင်း ၃၆၅၇ ဦးသည် ကျောက်မဲမြို့ပေါ်နှင့် မုုိးမိတ်၊ နမ့်ခမ်းမြို့နယ်များရှိ ကျေးရွာများသိုု့ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း NCA လက်မှတ်မရေးထုုိးသေးသည့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံုဆွေးနွေးမှုတွင် တုုိင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးရရှိလိုုသော ဆန္ဒရှိကြကြောင်း ဒုုဗုုိလ်ချုပ်ကြီး ခင်ဇော်ဦးက သတင်းထောက်များကုုိ ပြောကြားခဲ့သည်။

လက်ရှိ ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်၍  RCSS အနေဖြင့် NCA ချိူးဖောက်ခြင်း မဟုုတ်သလိုု၊ NCA ကြောင့် တပ်မတော်နှင့် ပူးပေါင်း တုုိက်ခုုိက်နေခြင်းလည်း မဟုုတ်ကြောင်းနှင့် TNLA နှင့်အတူ NCA  လက်မှတ်ရေုး ထုုိးနုုိင်ရေးနှင့် နုုိင်ငံရေးအတူတကွ လုုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်တွင်RCSS မှ ပြောရေးဆုုိ ခွင့်ရှိသူ ဗုုိလ်မှူးစုုိင်မိဏ်းက သတင်းထောက်များကုုိ ပြောသည်။

RCSS နှင့် TNLA တုုိက်ပွဲ ဖြစ်ပွားနေမှု ရပ်ဆုုိင်းရန်အတွက် ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ကြားဝင် ညှိနှိုင်းပေးရန် အဖွဲ့တစ်ဖွဲ့ကုုိ ဖေဖော်ဝါရီ ၂၂ ရက်က ဖွဲ့စည်းထားပြီး ဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...