တွံတေးတွင် ရှေဟောင်းရှမ်းရိုးရာ ထင်းမီးပူဇော်ပွဲ ပြုလုပ်

တွံတေးတွင် ရှေဟောင်းရှမ်းရိုးရာ ထင်းမီးပူဇော်ပွဲ ပြုလုပ်
by -
မဇ္စျိမ
ဓာတ်ပုံ- ဖြိုးသီဟ
ဓာတ်ပုံ- ဖြိုးသီဟ
 မြတ်စွာဘုရားရှင်သည် တပို့တွဲလတွင် ချမ်းအေးသောကြောင့် လက်တော်ကို ထင်းမီးလှုံခဲ့သည်ဟု ယုံကြည်မှုအရ ဘိုးဘွားအစဉ်အဆက် မပြတ် ထင်းမီးပူဇော်ပွဲကို တွံတေးမြို့နယ်၊ ဇောတိကျေးရွာတွင် ကျင်းပခဲ့ကြောင်း တွံတေးမြို့နယ် အမွေအနှစ်စောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင် ဦးလှမျိုး ကပြောသည်။

" လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ ကျော်ကတည်းက ပင်းတယဘက်ကနေ တွံတေးကိုရွှေ့လာကြတဲ့ ရှမ်းလူမျိုးတွေက တပို့တွဲလမှာ ရာသီဥတုအေးတော့ ဘုရားရှင်က လက်ကို ထင်းမီးလှုံတယ်လို့ ယုံကြည်ခဲ့ကြတော့ ဆွေစဉ်မျိုးဆက် အဆက်အဆက်က လပြည့်နေ့မှာ ထင်းမီးစေတီနဲ့ ပူဇော်လာခဲ့ကြတာ ဒီနေ့အထိပါပဲ" ဟု တွံတေးမြို့နယ်၊ အမွေအနှစ်စောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင် ဦးလှမျိုးက ပြောသည်။

ယင်းဇောတိကျေးရွာတွင် ရှမ်းလူမျိုးများ ပြောင်းလာစဉ်က ပါလာခဲ့သည့် သက်တမ်း ၁၅၀ ကျော်ခန့်က ရှမ်းပေပုရပိုဒ်များ၊ ရှမ်းစေတီများ၊ ဘုရားကျောင်းဆောင်ဟောင်းများရှိသေးကြောင်း ၊ ရှေးဟောင်းစဥ့်ဖိုများလည်းရှိကြောင်း ၎င်းကပြောသည်။

" ဘိုးဘွားအစဉ်အဆက်က လက်ဆင့်ကမ်းခဲ့တဲ့ ဘာသာရေးအမွေအနှစ်ဖြစ်တာကြောင့် နောင်ကိုလည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်စေချင်ပါတယ်" ဟု ဇောတိကျေးရွာ၊ ဇောတိကာရုံကျောင်းတိုက် ဆရာတော် ဦးဇတိလက ပြောသည်။

ပင်းတယမှ ရှမ်းလူမျိုးများ တွံတေးမြို့နယ်သို့ စတင်ရောက်ရှိစဉ်မှာ နှစ်ပေါင်း ၅၀၀ ခန့်ကတည်းကဖြစ်ပြီး ရှေးအခါက ၎င်းတို့မူလနေရာသို့ ပြန်၍ ဘာသာရေးပွဲများပြုလုပ်ခဲ့ရပြီး ခရီးလမ်း ခက်ခဲသောကြောင့် ရှမ်းပြည်နယ်မှ ဘုရားစေတီများ၊ ပေစာကျမ်းစာများကို သယ်ဆောင်လာကာ မျိုးရိုးစဉ်ဆက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...