သူရဦးရွှေမန်းပြည်သူများထံမှ အကြံဉာဏ်တောင်း

သူရဦးရွှေမန်းပြည်သူများထံမှ အကြံဉာဏ်တောင်း
by -
မဇ္စျိမ
 ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် အနေဖြင့် နိုင်ငံနှင့်နို်င်ငံသားတို့၏ အကျိုးစီးပွား အတွက်ကိုသာ အဓိကထားဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်သူအားလုံးပါဝင်ပြီး အကြံဉာဏ်များပေးကြရန် ယင်းကော်မရှင် ဥက္ကဋ္ဌသူရဦးရွှေမန်းက တိုက်တွန်းလိုက်သည်။

ယခု အချိန်အခါနှင့် အခြေအနေသည် ပါတီအဖွဲ့အစည်းအကျိုးနှင့် ကိုယ်ကျိုးစီးပွားထက် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ရမည့် အချိန်အခါလည်းဖြစ်နေကြောင်း သူရဦးရွှေမန်းက ဆိုသည်။

၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၅ရက်နေ့ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တစ်ရပ်ကို အဖွဲ့ဝင် ၂၃ဦးဖြင့် ဖွဲ့စည်းကာ ကော်မရှင်ဥက္ကဋ္ဌရာထူးကို သူရရွှေမန်းအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကော်မရှင်သည်  ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပြီး ကော်မရှင်၏ သက်တမ်းမှာ စဖွဲ့သည့်နေ့မှစ၍ တစ်နှစ်ဖြစ်ပြီး လုပ်ငန်းတာဝန်လိုအပ်ချက်အရ တစ်နှစ်ပြည့်ပြီးသော်လည်း သက်တမ်းတိုးခွင့်ရှိကာ အဖွင့်ဝင်များကိုလည်း သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

ကော်မရှင်၏ လုပ်ပိုင်ခွင့်အနေဖြင့်

(က) တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဌာန်းနိုင်ရေးတို့ကို လွှတ်တော်ဥက္ကဋ္ဌထံမှ တဆင့် လွှတ်တော်သို့ တင်ပြရမည်။

(ခ) အထူးကိစ္စရပ်များပေါ်ပေါက်လာပါက ၄င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့် ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌထံမှတဆင့် လွှတ်တော်သို့ အစီရင်ခံတင်ပြရမည်။

(ဂ) လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက် ရမည်။

(ဃ) လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ်ဆောင်ရွက်ရမည်။

(င) လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံသည့်အခါ အကြံဉာဏ်ပေးရမည်။

ယင်းအပြင် ကော်မရှင်သည် လုပ်ငန်းနှင့် ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

ကော်မရှင်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ရှိသည်။

ကော်မရှင်သည် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အပေါ် မူတည်၍ လုံခြံုမှုအဆင့်အတန်းကို သတ်မှတ်ဆောင်ရွက်နိုင်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...