ပြည်သူလူထု စည်းကမ်းရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွက် ရွေးကောက်ပွဲအောင်မြင်ခဲ့သည်ဟု ဦးတင်အေးပြော

ပြည်သူလူထု စည်းကမ်းရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွက် ရွေးကောက်ပွဲအောင်မြင်ခဲ့သည်ဟု ဦးတင်အေးပြော
by -
မဇ္စျိမ
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက စည်းကမ်းရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွက် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှှင်ဥက္ကဋ္ဌ ဦးတင်အေးက ဖေဖော်ဝါရီ ၁၇ရက်တွင် တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် ရွေးကောက်ပွဲမှ ရလာသော ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်။

ရွေးကောက်ပွဲတွင် လွတ်လွတ်လပ်လပ် မျှမျှတတ တည်တည်ငြိမ်ငြိမ် အေးချမ်းစွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ နို်င်ငံတကာအနေဖြင့်လည်း ချီးကျူးရသည့် ရွေးကောက်ပွဲဖြစ်သလို   ပြည်သူလူထု၏ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အံ့သြလေးစားခဲ့ရကြောင်း ဦးတင်အေးက ပြောသည်။

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင်  အတွေ့အကြံု ဗဟုသုတနည်းခဲ့သည့် အတွက် လုပ်ငန်းစဉ် အဆင့်ဆင့်တွင် အားနည်းခဲ့ကြောင်း သို့ဖြစ်၍ ယခုပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ အားနည်းချက် အားသာချက်များကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်အကြံပြုရန် တိုက်တွန်းကြောင်း ၎င်းကဆိုသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မော်ကွန်းမဂ္ဂဇင်းမှ အယ်ဒီတာဦးဇေယျာလှိုင်၊ PACE မှဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နယ်မြေတာဝန်ခံ ဦးဝင်းကိုကိုတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး Moderator အဖြစ် မဇ္ဈိမမီဒီယာမှ အယ်ဒီတာချုပ်ဦးစိုးမြင့်က ဆောင်ရွက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲမှ ရလာသည့် ရလဒ်ကောင်းများကို နောင်လာမည့် ရွေးကောက်ပွဲတွင် အသုံးချသွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲမှ သိရသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ မီဒီယာများ၊ ပြည်ထောင်စုရွေးကောက်ပွဲမှ တာဝန်ရှိသူများ စုစုပေါင်း ရ၆ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...