ရခိုင်ပြည်နယ် လူထုအတွက် ကန်ဒေါ်လာ ငါးသန်း ကူညီမည်

ရခိုင်ပြည်နယ် လူထုအတွက် ကန်ဒေါ်လာ ငါးသန်း ကူညီမည်
by -
မဇ္စျိမ
ရခိုင်ပြည်နယ်အတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စောလျှင်စွာ ပြန်လည်ထူထောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စု   နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီမှ အမေရိကန်ဒေါ်လာငါးသန်းကို ကူညီပံ့ပိုး သွားမည်ဖြစ်သည်။

မြန်မာပြည်သူလူထုကို အကူအညီပေးမည်ဟု ပေးထားသည့် ကတိကဝတ်များကို ဆက်လက် အကောင်အထည် ဖော်ဆောင်သည့် အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဘေးသင့် လူမှုအသိုက်အဝန်းများ၊ နေရပ်ပြောင်းရွှေ့ ဒုက္ခသည်များနှင့် ဆင်းရဲ နွမ်းပါးသူများအတွက် ရည်ရွယ်သည်ဟု ရန်ကုန်ရှိ အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၁၇ ၌ ထုတ်ပြန်သည်။

လုပ်ငန်းအစီအစဉ် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ အိမ်ထောင်စု ၉,၀၀၀ သို့မဟုတ် လူဦးရေ ၄၅,၀၀၀ ခန့်မှာ အခြေခံ ဝန်ဆောင်မှုများ၊ စျေးကွက်၊ အခြေခံအဆောက်အအုံ နှင့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုလက်လှမ်းမှီလာမည်ကို မြင်တွေ့ရမည်ဟုလည်း ဆိုထားသည်။

ရခိုင်ပြည်နယ်မှ လူမှုအသိုက်အဝန်းများသည် မိမိတို့၏ လိုအပ်ချက်များနှင့် အရေးတကြီးဦးစားပေးလုပ်ဆောင်ရမည့် ကဏ္ဍများကို ကိုယ်တိုင်ဖော်ထုတ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစီးဖော်ဆောင်ကြရမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက ချမှတ်၍ ကမ္ဘာတစ်ဝန်း၌ ဖော်ဆောင်နေသည့် ခွဲခြားဆက်ဆံမှု မရှိခြင်း၊ အားလုံးပါဝင်နိုင်ခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်း၊ တာဝန်ခံမှုရှိခြင်း နှင့် အရပ်ဘက်စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ ဒေသတွင်း အခြေအနေများကို အသိပေး လေးစားလိုက်နာ ဆောင်ရွက်ခြင်း စသည့်မူများနှင့်လည်း ကိုက်ညီသည်ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းနေထိုင်သူ အားလုံး၏ လူနေမှုဘဝများ တိုးတက်ရေးအတွက် အမေရိကန်သံရုံးက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အခြေခံ အဆောက်အအုံများ တိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊ ပညာရေးအခွင့်အလမ်းများ တိုးချဲ့မြှင့်တင်ပေးခြင်း၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အရေးများ ပံ့ပိုးပေးခြင်းအပြင် လူ့အသိုက်အဝန်းများအကြား ယုံကြည်မှု တည်ဆောက်ရေးတွင် ပါဝင်ကူညီခြင်းတို့လည်း လိုအပ်သည်ဟု သိရသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...