တပ်ချုပ်နှင့် ဒေါ်စုတို့ သုံးကြိမ်မြောက်တွေ့ဆုံ၊ ထာဝရငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆွေးနွေး

တပ်ချုပ်နှင့် ဒေါ်စုတို့ သုံးကြိမ်မြောက်တွေ့ဆုံ၊ ထာဝရငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆွေးနွေး
by -
မဇ္စျိမ
enior General Min Aung Hlaing
enior General Min Aung Hlaing
နေပြည်တော်(ဖေဖော်ဝါရီ ၁၇)။ ။ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်ပြီးနောက် တတိယအကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်တို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရုံးတွင် နှစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီ ၄၀ မိနစ်အထိ နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပြီး "တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်" ဟု တပ်မတော်က တွေ့ဆုံမှုအပြီးတွင် သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ပါဝင်သလို တပ်မတော်ဘက်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ဆွေးနွေးကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့သည် ၂၀၁၅ ဒီဇင်ဘာ ၂ ရက်တွင် ပထမအကြိမ်၊ ယခုနှစ် ဇန်နဝါရီ ၂၅ တွင် ဒုတိယအကြိမ်တွေ့ဆုံခဲ့ပြီး ယခုအကြိမ်တွေ့ဆုံမှုသည် တတိယအကြိမ်မြောက်ဖြစ်သည်။

Senior General Min Aung Hlaing

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...