မြန်မာနိုင်ငံတွင် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်ရုံး ဖွင့်နိုင်ရန်ကြိုးပမ်းမည်

မြန်မာနိုင်ငံတွင် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်ရုံး ဖွင့်နိုင်ရန်ကြိုးပမ်းမည်
by -
မဇ္စျိမ
လာမည့် အစိုးရသစ်လက်ထက်တွင် ဗာတီကန်နိုင်ငံတော်ရှိ ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံ၌ ဖွင့်လှစ်နိုင်ရန်ကြိုးပမ်းမည်ဟု ကက်သိုလစ် ခရစ္စယာန် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်(စ်)ဘိုက မဇ္စျိမသို့မိန့်ကြားသည်။

''အရင်အစိုးရကိုပြောထားတာ စောင့်ပါအုံးဘဲပြောတယ်။ အခုအစိုးရသစ်လက်ထက်မှာ ဒါကို ပထမဦးဆုံး နံပါတ်တစ် လုပ်ဖို့အစီအစဉ်ရှိတယ်။ ဟိုဘက်အဆင်သင့် ဒီဘက်မှာလဲအဆင်သင့် ဖြစ်နေပြီ။ မတ်၊ ဧပြီ အစိုးရဖွဲ့ပြီးရင် ဖြစ်ဖို့အလားအလာရှိပါတယ်။ ဖွင့်ဖြစ်ရင် ဘန်ကောက်မှာ တစ်ပါး ရှိသလို ဒီမှာလဲ ပုပ်ရဟန်းမင်းကြီးရဲ့ကိုယ်စားတစ်ပါး ရှိလာမယ်''ဟု ဆရာတော်က မိန့်သည်။

Catholic Bishops' Conference of Myanmar (CBCM) လူထုဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးမြင့်မောင်က အစိုးရခွင့်မပြု၍ ယနေု့ထိ ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်မထားနိုင်သေးဘဲ ကိုယ်စားလှယ်ရုံးဖွင့် နိုင်လျှင် ဗာတီကန်မှ ကိုယ်စားလှယ်အဖြစ် ကက်သိုလစ်ဘုန်းတော်ကြီးတစ်ပါး ထားပြီး မြန်မာနိုင်ငံမှ မည်သူမဆိုစေလွှတ်၍ရကြောင်းပြောကြားသည်။

''သံအမတ် သဘောပေါ့ စစ်သား၊ အရပ်သား၊ ဘာသာဝင်ဘုန်းတော်ကြီး ကြိုက်တဲ့သူပို့လို့ရတယ်။ သိမ်ဖြူလမ်းက စိန့်မေရီဝန်းထဲမှာ အဆောက်အဦကလည်းအဆင်သင့်ပြီးနေပြီ။ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်စားလှယ်ရုံး ဆိုတော့ မြန်မာနိုင်ငံက လူတွေ ဗာတီကန်သွားရင် အရင်လို မခက်ခဲတော့ဘူး။ ဒီမှာ သံရုံးရှိတဲ့သဘောပေါ့။ သတင်းအချက်အလက်တွေ ဖလှယ်လို့ရတယ်။ နိုင်ငံကိုယ်စားလှယ်ရုံး မရှိခဲ့တဲ့အတွက် ပုပ်ရဟန်းမင်းအဆက်ဆက် ဘယ်သူမှ မြန်မာနိုင်ငံမရာက်ဖူးဘူး။ သူကဗာတီကန်ရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ဆိုတော့ ဒီက သမ္မတဖိတ်မှလာလို့ရမှာ။'' ဟု ဦးမြင့်မောင် ပြောသည်။

လက်ရှိ ဗာတီကန်နိုင်ငံတော်တွင် ပုပ်ရဟန်းမင်းကြီး စိန့်ဖရန့်စစ် ဦးဆောင်နေပြီး မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးမရှိသောကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရုံးမှ ဂိုဏ်းချုပ်ဆရာတော် Paul Tschang In-Nam က ပူးတွဲဆောင်ရွက်နေသည်။

ကာဒီနယ် ချားလ်(စ်)ဘို နှင့် ပုပ်ရမင်း၏ဘန်ကောက်ရုံးကိုယ်စားလှယ်ဆရာတော် Paul Tschang In-Nam

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...