တစ်ပတ်အတွင်း ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင် ထွက်ပြေးသူပေါင်း ၃၀၀၀ ကျော်ထက်မနည်းရှိ

တစ်ပတ်အတွင်း ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင် ထွက်ပြေးသူပေါင်း ၃၀၀၀ ကျော်ထက်မနည်းရှိ
by -
မဇ္စျိမ
 ပြီးခဲ့သည့် သီတင်းတစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ မြောက်ပိုင်း ရှမ်းပြည်မှ စစ်ဘေးရှောင် နေရပ်စွန့်ထွက်ပြေးကြသည့် ပြည်သူပေါင်း ၃၀၀၀ ကျော်ထက်မနည်း ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ပူးပေါင်းဆောင်ရွက်မှုရုံး OCHA မှ အစီရင်ခံကြောင်း ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြောသည်။

“ထွက်ပြေးခိုလှုံရာသူအများစုက ဘုန်းကြီးကျောင်းတွေမှာ လာရောက်နေထိုင်နေကြရပါတယ်။ ဒေသအဖွဲ့အစည်းတွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ မြန်မာကြက်ခြေနီအသင်းတို့က ကူညီပေးနေရတယ်။” ဟု ကုလသမဂ္ဂ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq ကပြောကြားသည်။

“ကုလသမဂ္ဂအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးရုံးက ၀န်ထမ်းများက အခြေအနေတွေကို ကြည့်ရှု အကဲဖြတ်လျက်ရှိပြီး လိုအပ်ရင် အကူအညီ အထောက်အပံ့တွေ တိုးပေးဖို့ လုပ်နေပါတယ်။”ဟု ၎င်းက ပြောသည်။

“ကုလသမဂ္ဂရဲ့ အဓိက ဦးစားပေးကတော့ အရပ်သားပြည်သူတွေကို ကာကွယ်ပေးရေးပဲဖြစ်ပြီး ပဋိပက္ခများဒဏ် ကြံုတွေ့ခံစားရသူတွေကို လူသားချင်းစာနာထောက်ထားရေး အထောက်အပံ့တွေ ပေးသွားဖို့ပဲဖြစ်ပါတယ်။”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...