လွှတ်တော်ဟာ အသုံးချစရာ စင်မြင့်မဟုတ်ဟု အမတ်များကို ဒေါ်စုသတိပေး

လွှတ်တော်ဟာ အသုံးချစရာ စင်မြင့်မဟုတ်ဟု အမတ်များကို ဒေါ်စုသတိပေး
by -
မဇ္စျိမ
လွှတ်တော်သည် အမတ်တို့ အသုံးချစရာစင်မြင့်မဟုတ်သလို နပန်းလုံးဖို့ ကြိုးဝိုင်းတစ်ခုလည်းမဟုတ်ဟု NLDပါတီအမတ်အများ ဆုံးနေရာယူထားသည့် ပြည်ထောင်စုလွှတ်တော်အမတ်များကို NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်သည်။

“လွှတ်တော်ဆိုတာဟာ ကိုယ်စားလှယ်တစ်ဦးချင်း၊ တစ်ဦးချင်း ကိုယ့်အတွက်အသုံးချဖို့ စင်မြင့်လည်း မဟုတ်ပါဘူး။ ရာထူး၊ နေရာရဖို့ ခုတုံးလှေကားထစ်လည်း မဟုတ်ပါဘူး။ သဘောထားမတူညီတဲ့ ပုဂ္ဂိုလ်များအကြားမှာ နပန်းလုံးဖို့ ကြိုးဝိုင်းလည်း မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က အမတ်များကို သတိပေးသည်။

ဖေဖော်ဝါရီ ၁၅ရက်နံနက်ပိုင်းက လွှတ်တော်သဘင်ဆောင်တွင် ပြည်ထောင်စုလွှတ်တော်အမတ်အားလုံး တက်ရောက်သည့် ဒုတိယအကြိမ် လွှတ်တော်အမတ်များအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြသည့် အစီအစဉ်ဖွင့်ပွဲ အမှာစကားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီအစဉ်သည် ယနေ့ ဖေဖော်ဝါရီ ၁၅ရက်မှ ၁၉ရက်နေ့အထိ လွှတ်တော်အမတ်များကို လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအား ငါးရက်ကြာ ရှင်းလင်းတင်ပြမည်ဖြစ်သည်။

"ဒီနေရာ(လွှတ်တော်)ဟာ ကျွန်မတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းပြီးတော့ နိုင်ငံနဲ့ပြည်သူအကျိုးကို အတတ်နိုင်ဆုံး ထမ်းဆောင်ရမယ့်နေ ရာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေရဲ့မျက်နှာကိုပဲ အဓိကကြည့်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့တစ်စုတစ်ဖွဲ့ထဲ မျက်နှာကို အဓိကကြည့်ရမှာ မဟုတ်ပါဘူး" ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် လွှတ်တော်အမတ်များအနေဖြင့် ပါတီစွဲ၊ အယူဝါဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတို့မထားဘဲ ပြည်သူအတွက် တာဝန်ထမ်းဆောင်ဖို့လိုအပ် သည်ဟု သူမက ပြောသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...