ဖမ်းဆီးခံကျောင်းသားအရေးတွင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှုကို ဗကသ ဥက္ကဋ္ဌကျော်ကိုကို ဝေဖန်

ဖမ်းဆီးခံကျောင်းသားအရေးတွင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှုကို ဗကသ ဥက္ကဋ္ဌကျော်ကိုကို ဝေဖန်
by -
မဇ္စျိမ
Khin Mg Oo
Khin Mg Oo
 ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖမ်းဆီးခံကျောင်းသားများအရေးနှင့် ပတ်သက်၍ ကြားနေ နေခြင်းမှာ ဖိနှိပ်သူကို အားပေးခြင်းနှင့်တူကြောင်း ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ရန်ကုန်တိုင်းတ ကမာရွတ်တရားရုံးတွင် ရုံးထုတ်လာစဉ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က ပြောကြားလိုက်သည်။

" သူဟာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌတစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီ ကော်မတီရဲ့ ဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့အတွက် ဘာလုပ်သင့် ဘာလုပ်ထိုက်တယ်ဆိုတာ သူအသိဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့က သူ့ကို ဆရာမလုပ်ချင်ပါဘူး။ ဒါပေမယ့် ပြောသင့် ပြောထိုက်တဲ့အချိန်မှာ မပြောဘဲနေခြင်းဟာ တစ်စုံတစ်ရာ အန္တရာယ်ရှိတယ်။ အကျပ်အတည်း ကြံုစဉ်ကာလမှာ ကြားနေတာက မကောင်းဘူးဗျ။ ဒါပဲ ကျွန်တော်ပြောချင်တယ်။ အကျပ်အတည်းကြံုစဉ်မှာ ကြားနေတာက ဖိနှိပ်သူကို အားပေးတာနဲ့တူတယ်"ဟု ကိုကျော်ကိုကိုက ပြောသည်။

ကိုကျော်ကိုကို အပါအဝင် ဗကသအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားများ၊ တကသအဖွဲ့ဝင်ကျောင်းသားများနှင့် ၀န်းရံပြည်သူများမှာ အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြမှုကြောင့်   နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅( ခ) ၊ လွှတ်လပ်စွာစီတန်းလှည့်လည်မှု စသည့် ပုဒ်မတို့ဖြင့် တရားစွဲဆိုခြင်းခံထား ကြရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ၎င်းတို့ အပါအဝင်   နိုင်ငံရေးအကျဉ်းသားများနှင့်  ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် အလုပ်သမားလယ်သမားများကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုကြောင်းလည်း ၎င်းက ပြောသည်။

ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုနှင့် အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ကျောင်းသားများ ဖြစ်သည့် ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်၊ ကိုဂျိမ်း၊ မဖြိုးဖြိုးအောင်။ မပိုပိုနှင့် ၀န်းရံပြည်သူ ကိုဝင်းကျော့မှူး တို့ကို ကမာရွတ်တရားရုံးတွင် ပုဒ်မ(၁၈)ဖြင့် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ကမာရွတ်မြို့နယ် အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဗကသအဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသားခေါင်းဆောင် ကိုဂျိမ်းနှင့် မဖြိုးဖြိုးအောင်တို့ကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က  ငြိမ်းစုစီပုဒ်မ(၁၈)ဖြင့် ထပ်မံအမှုဖွင့် တရားစွဲဆိုခြင်း ခံခဲ့ရကြောင်း သိရသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...