မင်းဘူးတွင် ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော်များအား လုံခြုံရေးအထူးတင်းကြပ်

မင်းဘူးတွင် ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော်များအား လုံခြုံရေးအထူးတင်းကြပ်
by -
မဇ္စျိမ
 နှစ်ပေါင်းများစွာ မပုပ်မသိုးသည့် ဆရာတော်ကြီးများ၏ ဥတုရုပ်ကလာပ်တော်များကို မသမာသူများက ခိုးယူမှုများရှိနေ၍ မင်းဘူး-စကုမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် ရုပ်ကလာပ်တော်အား လုံခြုံရေးအနေအထား ပိုမိုတင်းကြပ်ထားရကြောင်း သိရသည်။

ရွှေစက်တော်သွားလမ်းပိုင်းနားက ဆင်ခေါင်းကျေးရွာ၊ကန်ဆွယ်ကျောင်းတွင် ရ နှစ် တိုင်တိုင် ပူဇော်ထားသည့်  ဆရာတော်ကြီး ဦးဣန္ဒောဘာသ၏ ဥတုရုပ်ကလာပ်တော် စံကျောင်းအား လုံခြုံရေးအနေအထားအရ သံပန်းသံတံခါးများကို သော့(၃)လုံးခတ်၍ ကျောင်းထိုင် ဆရာတော်အပါအဝင် ကိုရင်လေးများနှင့် ကျေးရွာသားများက ညအခါများတွင် အထူးသတိထား   စောင့်ရှောက် နေကြောင်း ကျေးရွာဒေသခံများ၏ ပြောပြချက်အရ သိရသည်။

" သူတို့က ဟိုးတုန်းကသမိုင်းဒဏ္ဍာရီထဲမှာ ဇော်ဂျီဖိုဝင်သားစားရင် စွမ်းတယ်ဆိုပြီး၊တလွဲ အသုံးပြုသလား၊ တရုတ်ကို ရောင်းစားသလား မပြောတတ်ဘူး။" ဟု ရုပ်ကလာပ်တော်ကို   စောင့်ရှောက်ပေးနေသည့် ဆင်ခေါင်းကျေးရွာနေ ဦးပုရီက ပြော သည်။

ဆင်ခေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ကလည်း ဆရာတော်ကြီးရုပ်ကလာပ်တော် လုံခြုံရေး အတွက် အထူးသတိထားဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

မကွေးတိုင်းအတွင်း မပုပ်မသိုးဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော်များ အများအပြားရှိနေပြီး၊မင်းဘူး-စကုမြို့နယ်၊ နန်းတော်ကုန်းကျေးရွာရှိ ဆရာတော်၏ ရုပ်ကလာပ်တော်သည် လွန်ခဲ့သည့်နှစ်အနည်းငယ် အတွင်းက ခိုးယူခြင်းကိုခံခဲ့ရပြီး၊ တရားခံကို မဖော်ထုတ်နိုင်သေးကြောင်း၊ အဆိုပါဖြစ်ရပ်နောက်ပိုင်းတွင် ကျန်ရှိသည့်ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော်များ၏ လုံခြုံရေးအတွက် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...