ပြောင်းလဲသွားသည့်အခြေအနေဖြင့် မကိုက်ညီသည့် ဥပဒေများပြင်မည်

ပြောင်းလဲသွားသည့်အခြေအနေဖြင့် မကိုက်ညီသည့် ဥပဒေများပြင်မည်
by -
မဇ္စျိမ
ဧရာဝတီတိုင်းလွှတ်တော် ပထမအကြိမ်အစည်းအဝေးတွင် ပြဌာန်ခဲ့သည့် ဥပဒေ ၂၀ကျော်တွင် ပြောင်းလဲသွားသည့် အခြေအနေဖြင့်မကိုက်ညီသည့် ဥပဒေများကို ပြင်ဆင်ရန်  ဆောင်ရွက်သွားမည်   ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥပဒေပြုရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။

ပထမအကြိမ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုရန် ဥပဒေ ၆ခု ခန့် ကျန်နေသေးကြောင်း၊ ပြဌာန်းထားသည့် ဥပဒေများမှာ အကောင်အထည်မဖော်သေးတာမျိုးရှိနေသေးကြောင်း၊ လိုက်နာရန်ခက်ခဲသည့်ဥပဒေမျိုးနှင့် လိုက်နာရန်မလိုသည့် ဥပဒေများကို ပြန်စိစစ်ရန်ရှိကြောင်း ၎င်းကဆိုသည်။

"ပါတီက သင့်တော်မယ်ထင်လို့ တာဝန်ပေးတာ၊ တာဝန်ကြီးတယ်ဆိုပေမယ့် ထမ်းဆောင်ရမှာပါ၊ဒီဘက်အချိန်မှာ ပြည်သူလူထုမျှော်လင့်ချက်ရယ်၊ နိုင်ငံတော်နဲ့ ပါတီချထားတဲ့ မူဝါဒတွေရယ်၊ ရွေးကောက်ပွဲမှာ ပြည်သူလူထုကိုပေးခဲ့တဲ့ ကတိကဝတ်တွေနဲ့ အဲဒါတွေနဲ့သွားရုံပါပဲ။"ဟု ဥအဒေပြုကော်မတီဥက္ကဋ္ဌဦးခင်ဝင်းက  မဇ္ဈိမသို့ပြောသည်။

 ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဥပဒေပြုရေးကော်မတီ၊တိုင်းရင်းသားလူမျိုးများအရေးဆိုင် ရာကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ သုံးရပ်အား ဖေဖော်ဝါရီ ၁၁ရက်နေ့ တိုင်းလွှတ်တော်အစည်းအဝေးတွင်ဖွဲ့စည်းခဲ့သည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...