အပစ်အခတ်ရပ်စဲစာချုပ်မူကြမ်းလက်မှတ်ရေးထိုးရခြင်းမှာ နိုင်ငံရေးစစ်အရှိန်မြှင့်ခြင်းဖြစ်သည်ဟု ပဒိုမူတူးစေးဖိုးပြော

အပစ်အခတ်ရပ်စဲစာချုပ်မူကြမ်းလက်မှတ်ရေးထိုးရခြင်းမှာ နိုင်ငံရေးစစ်အရှိန်မြှင့်ခြင်းဖြစ်သည်ဟု ပဒိုမူတူးစေးဖိုးပြော
by -
မဇ္စျိမ
အစုုိးရနှင့် အပစ်အခတ် ရပ်စဲစာချုပ်မူကြမ်း(NCA)ကုုိ လက်မှတ် ရေးထုုိးခြင်းသည် ပြည်တွင်း စစ်ဖြစ်ပွား လာခဲ့ရသော အခြေခံ အကြောင်းတရားများကုုိ အဖြေရှာခြင်းနှင့် နုုိင်ငံရေး စစ်ပွဲကုုိ အရှိန်မြင့်တင်နုုိင်ရန် လုုပ်ဆောင်ခြင်းဖြစ်ကြောင်း ယနေ့ကျရောက်သော ၆၈ ကြိမ်မြောက် ကရင်အမျိုးသားနေ့တွင် KNU ဥက္ကဋ္ဌ ပဒိုုမူတူးစေးဖုုိး ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုုနှစ် အောက်တုုိဘာလက တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) ကုုိ လက်မှတ် ရေးထုုိးခဲ့သော KNU ဥက္ကဋ္ဌ ပဒိုုမူတူးစေးဖုုိးက ကရင်အမျိုးသားနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေးသည် ကရင်အမျိုးသားတုုိ့၏ နုုိင်ငံရေး လှုပ်ရှားမှုများနှင့် နုုိင်ငံရေး ရည်မှန်းချက်များကိုု ပစ်ပယ်ထားခြင်း မဟုုတ်ပေ။ မိမိတိုု့ ကရင်အမျိုးသားများ၏ လုုိလားတောင့် တချက်များနှင့် နုုိင်ငံရေး ရပ်တည်ချက်များကိုု တွေ့ဆုံုဆွေးနွေးပြီး ပြည်တွင်း စစ်ဖြစ်ပေါ်လာခဲ့ရသော အခြေခံအကြောင်း တရားများကုုိ အဖြေရှာခြင်းပင် ဖြစ်ပါသည်။

သမုုိင်းတလျှောက် ဖြတ်သန်းလာခဲ့သည့် အတွေ့အကြံုများနှင့် ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်ကုုိ သုံုးသပ်ခဲ့ကြပြီး မိမိတုုိ့ အမျိုးသားတုုိ့၏ မျော်မှန်းလျက်ရှိသော နုုိင်ငံရေး ရည်မှန်းချက်များကုုိ ရရှိရန် လုုပ်ဆောင်ခြင်းပင် ဖြစ်ပါသည်။ နုုိင်ငံရေး စစ်ပွဲကုုိ အရှိန်မြင့်တင်နုုိင်ရန် လုုပ်ဆောင်ခြင်းတစ်ရပ်ဖြစ်ပါသည်။”ဟုု ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် ပြောဆုုိထားသည်။

နုုိင်ငံရေးအရ တွေ့ဆုံုဆွေးနွေးခြင်းသည် တဘက်နှင့်တဘက်ကုုိ အနုုိင်ရရေးအတွက် မဟုုတ်ဘဲ ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေကြသော နှစ်ဦးနှစ်ဖက်မှ လက်ခံနုုိင်သည့် အဖြေမှန်တစ်ခုုကုုိ ရှာဖွေထုုတ်ဖော်နေခြင်း ဖြစ်ကြောင်း၊ကရင်အမျိုးသားများအားလုံုး စည်းလုံုးညီညွတ်စွာဖြင့် ရဲရဲဝ့ံဝံ့ တုုိက်ပွဲဝင်ကြရန် လုုိအပ်ပြီး တုုိက်ပွဲဝင်ခဲ့သော တုုိင်းရင်းသားများနှင့်အတူ ပြည်သူလထူတစ်ရပ်လုံုး ပူးပေါင်း၍ နုုိင်ငံရေး စစ်မြေပြင်တွင် ကြိုးစားအားထုုတ်ကြရန် တုုိက်တွန်းထားသည်။

“ဥက္ကဋ္ဌ မိန့်ခွန်းမှာ ကရင်မျိုးနွယ်စုုတွေ နုုိင်ငံရေးအင်အားစုုတွေ ပေါ်ပေါက်လာတဲ့အခြေအနေနဲ ့ရှေ့ဆောင်ရွက်ရမဲ့ အခြေအနေ ဖောြ်ပထားတယ်။ အခုုလည်း တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး လုုပ်ပြီးနောက်ပုုိင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေးရသေးတာ မဟုုတ်ဘဲနဲ့ ရှေ့ဆက် လက်နက်ကုုိင် ပဋိ့ပက္ခ ထိတွေ့မှုတွေ မရှိတော့ဘဲနဲ့ နောင်သောအချိန်ကာလမှ ပုုိပြီးအထူးသတိထားရမဲ့ အကြောင်းတွေ တုုိက်တွန်းထားတယ်”ဟုု KNU တွဲဘက်အတွင်းရေးမှူး (၁) ပဒုုိသောသီဘွဲ့က မဇ္စျိမကုုိ ပြောသည်။

လက်ရှိ အစုုိးရသစ် အနေဖြင့် ဒီမုုိကရေစီနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး စွဲကုုိင်ထားသည့် ရည်မှန်းချက် တစ်ခုုရှိနေသဖြင့် တုုိင်းရင်းသားများ အားလုံုးအတွက် တစ်စုံုတစ်ရာ အကျိုးရှိမည်ဟုု မျှော်လင့်ကြောင်း သူက ပြောဆုုိသည်။

“တုုိက်ပွဲဝင်ရင်းနဲ့ လက်ရှိ ကျနော်တိုု့က အန်စီအေ စာချုပ်တော့ ရရှိခဲ့တယ်။ အဲဒီလုုိ ရရှိခဲ့တဲ့အပေါ်မှာ လက်ရှိ ပေါ်လာမယ့်အစိုုးရ ကလည်းဘဲ ကျနော်တိုု့ လက်ခံထားတဲ့ ဒီအန်စီအေကုုိ ဘယ်လိုု ဆက်ကုုိင်မလဲ။ ဘယ်လုုိ နည်းနာမျိုးနဲ့ ကရင်အမျိုးသားနဲ့သော်လည်းကောင်း၊ တခြားလက်နက်ကုုိင်အဖွဲ့အစည်းနဲ့သော်လည်း အစုုိးရက ဘယ်လုုိ ဆက်သွယ်လာမလဲဆုုိတာကုုိတော့   စောင့်မျှော်နေတာဘဲ”ဟုု သူက ပြောသည်။

ယနေ့ကျရောက်သော ၆၈ ကြိမ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားများကုုိ KNU ဗဟုုိဌာနချုပ် အပါအဝင် ခရုုိင် ရ ခုုတွင် ဟောပြောပွဲ အခမ်းအနားများ ကျင်းပခဲ့ကြသလုုိ၊ ရန်ကုုန်နှင့် ကရင်ပြည်နယ် ဘားအံမြို့တိုု့တွင်လည်း အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခဲ့သည်ဟုု သိရသည်။

အလားတူ ယနေ့ ကျရောက်သော ၆၈ ကြိမ်မြောက် ကရင်အမျိုးသားနေ့ကုုိ ဂုုဏ်ပြုသောအားဖြင့် အနယ်နယ် အရပ်ရပ်တွင် နေထုုိင်နေသော ကရင် တုုိင်းရင်းသားများ အနေဖြင့် မိမိတိုု့၏ နေအိမ်များတွင် ကရင်အမျိုးသားအလံများ လွှင့်ထူရန်နှင့် ကရင်ရုုိးရာ ဝတ်စုံုများကုုိ ဝတ်ဆင်ကြရန် KNU ဗဟုုိဌာနချုပ်က စာထုုတ်ပြန်ထားသည်။

၁၉၄၈ ခုုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် မြန်မာတစ်နိုုင်ငံလုံုးရှိ ကရင်လူမျိုး ၄ သိန်းကျော်သည် ကရင်ပြည် ချက်ချင်းပေး၊ ကရင် တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုးရေး အဓိရုုဏ်း အလုုိမရှိ၊ ပြည်တွင်းစစ် အလုုိမရှိ စသည့် ကရင် အမျုုိးသား များ၏ နုုိင်ငံရေးလုုိလားချက်များ ပါဝင်သော ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုုတ်ဖော်သော နေ့ကုုိ အစွဲပြု၍ ၁၉၅၃ ခုုနှစ် နုုိဝင်ဘာက ကျင်းပသော ကော်သူလေးပြည်လုံုးဆုုိင်ရာ ကွန်ကရက်မှ ဖေဖော်ဝါရီလ ၁၁ ရက်ကုုိ ကရင် အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။

ဓာတ်ပုံ-Karen National Union HQ

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...