ပျက်ကျသည့် တပ်မတော်လေယာဉ်ပေါ်ပါ ငါးဦးတွင် လေးဦးပွဲချင်းပြီးသေဆုံး

ပျက်ကျသည့် တပ်မတော်လေယာဉ်ပေါ်ပါ ငါးဦးတွင် လေးဦးပွဲချင်းပြီးသေဆုံး
by -
မဇ္စျိမ
ဖေဖော်ဝါရီ ၁၀ရက် နံနက် ၉နာရီ ၄၁ မိနစ်က နေပြည်တော် လယ်ဝေးမြို့နယ် ရွှေပြည်သာ ကျေးရွာ အုပ်စု၊ ကြံခင်းကျေးရွာအနီး မတ်ပဲ စိုက်ခင်းအတွင်း ပျက်ကျသည့် တပ်မတော်ပိုင် လေယာဉ်ပေါ်ပါ တပ်မတော်အရာရှိ ငါးဦးတွင် လေးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့သည့် တပ်မတော် လေယာဉ် B 1900ပေါ်တွင် ဗိုလ်မှူး(၁)ဦး ၊ ဗိုလ်ကြီး(၂)ဦး၊ ဒုတပ်ကြပ်(၂) ဦး ပါဝင်ပြီး တစ်ဦးသာ အသက်ရှင်ခဲ့သည်။

အသက်ရှင်လျက်ကျန်ရှိသူ ဒုတပ်ကြပ် တစ်ဦးအား တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိသည်ဟု သိရသည်။

လေယာဉ်မီးလောင်ကျွမ်းသည့် နေရာသို့ မီးသတ်ယာဉ် ၃စီးဖြင့် မီးငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...