ဦးဝင်းထိန်ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိဟုဆို

ဦးဝင်းထိန်ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိဟုဆို
by -
မဇ္စျိမ
အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်သည် ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေရသော်လည်း စိုးရိမ်စရာ အခြေအနေမဟုတ်ကြောင်း သိရသည်။

ဦးဝင်းထိန်သည် ဖေဖော်ဝါရီ ၉ရက် နေ့လည်ပိုင်းမှ စတင်ကာ ဝမ်းလျှောကာ အစာများစားသမျှ ပြန်အန်နေသည့်အတွက် ညနေ လေးနာရီအချိန်ခန့်တွင် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံ အထူးကြပ်မတ် ကုသဆောင်သို့ တက်ရောက် ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

"ဧည့်သည်တွေ နဲ ့တွေ့တော့ ပင်ပန်းနေတယ်။ အဖျားလည်းရှိနေတာနဲ့  ညဆေးရုံကိုပို့လိုက်တာ နားတဲ့သဘောပေါ့။ အထူးကုဆရာဝန်တွေ အကုန်လာကြည့်တယ်။ ခွဲစိပ်စရာမလိုဘူး၊ ၂၄ နာရီပြည့်အောင်တော့ ဆေးရုံတက်ရမယ်ပြောတယ်။" ဟု NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြုကာ မိထ္ထီလာမြို ့နယ် ပြည်သူ ့လွှတ်တော်အမတ်အဖြစ် ရေရွးချယ်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ပေ။

ဦးဝင်းထိန်သည် လက်ရှိတွင် အသက် ရ၅ နှစ်ခန် ့ရှိပြီဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး အစိုးရနှင့် NLD ပါတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်ရေး အဖွဲ ့ခေါင်းဆောင် တာဝန်များကို ဆောင်ရွက်လျက်ရှိသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...