ဖွဲ့စည်းပုံနဲ့အညီ ဥပဒေပြုပြင်၊ ပြဋ္ဌာန်းခြင်းများ ပြုလုပ်ရန် လွှတ်တော်သစ်ကို ဦးသိန်းစိန် သတိပေး

ဖွဲ့စည်းပုံနဲ့အညီ ဥပဒေပြုပြင်၊ ပြဋ္ဌာန်းခြင်းများ ပြုလုပ်ရန် လွှတ်တော်သစ်ကို ဦးသိန်းစိန် သတိပေး
by -
မဇ္စျိမ
ဥပဒေများ ပြုပြင်ပြောင်းလဲခြင်း၊ ပြဋ္ဌာန်းခြင်းများကို အခြေခံဥပဒေအတိုင်း လေးစာလိုက်နာပြီးပြုလုပ်ဖို့ မတ်လ ၃၁ရက်တွင် သက်တမ်းကုန်မည့် သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၈ရက်ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သစ်သို့ သဝဏ်လွှာပေးပို့ အသိပေးခဲ့သည်။

ယနေ့ပေးပို့သည့် သဝဏ်လွှာသည် လွှတ်တော်အသစ်သို့ သမ္မတဦးသိန်းစိန်၏ ပထမဆုံးပေးပို့သည့် သဝဏ်လွှာလည်းဖြစ်သည်။
ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့မည်ဟု အနိုင်ရပါတီဖက်မှ ပြောဆိုမှုများ ပေါ်ထွက်လာအပြီး သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ သဝဏ်လွှာပေးပို့ အသိပေးခဲ့ခြင်းလည်းဖြစ်သည်။

presend

ပြည်ထောင်စု လွှတ်တော် အနေဖြင့် ဥပဒေများအား ပြဋ္ဌာန်း၊ ပြင်ဆင်၊ ရုပ်သိမ်းမှုများ ဆောင်ရွက်ရာတွင် "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်ဟု ကတိသစ္စာ ပြုထားသည့် အလျောက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရစေရန်" အလေးထားဆောင်ရွက်မည်ဟု မျှော်လင့်မိကြောင်း သမ္မတက သဝဏ်လွှာတွင် ဆိုထားသည်။

သဝဏ်လွှာတွင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ညွှန်းပြီး "ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် ပြီးခဲ့သော ငါးနှစ်တာကာတအတွင်း အောင်မြင်မှုများကြောင့် လက်ရှိ အခြေအနေတွင် နိုင်ငံတော် နှင့် နိုင်ငံသားများအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်များ ချမှတ်နိုင်ခဲ့ပြီး ဒီမိုကရေစီထွန်းကားရေး နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေနပ်အားရဖွယ်ရာ အလားအလာကောင်းများဖြင့် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီ" ဟု ဆိုထားသည်။

ယနေ့ စတင်ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများကို ၂၀၁၆၊ မတ်လ ၁၇ရက်တွင် စတင်ပြုလုပ်ကြရန် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ညွှန်ကြားထားသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...