မီးဘေးသင့်ဒေသများ သို့ သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့သွားမည်

မီးဘေးသင့်ဒေသများ သို့ သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့သွားမည်
by -
မဇ္စျိမ
ယမန်နေ့ညက မီးဘေးသင့်ခဲ့သော နမ့်ဆန်(ရှမ်းမြောက်)နှင့် လပွတ္တာမြို့နယ်များအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့သွားမည်ဖြစ်ကြောင်း သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။

မီးဘေးသင့်ဒေသများ မီးဘေးသင့်ပြည်သူများ ယာယီအမိုးအကာအောက် ရောက်ရှိရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ကူညီရေး၊ ကျန်းမာရေးနှင့် ပြန်လည်နေရာချထားရေး အစရှိသည့် လတ်တလောလိုအပ်ချက်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် သွားရောက်မည်ဟုရေးသားထားသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ (၁) မှာ နမ့်ဆန်မြို့သို့လည်းကောင်း၊ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော အဖွဲ့(၂)မှာ လပွတ္တာမြို့သို့လည်းကောင်းယနေ့ နေ့လည်ပိုင်းတွင် ထွက်ခွာမည် ဖြစ်ပါသည်။

အစည်းအဝေးဆုံးဖြတ်ချက်အချို့

- မီးဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ ပံ့ပိုးရေး၊ ယာယီတဲများ၊ အဝတ်အထည်များ၊ Family Kit များ ဖြည့်ဆည်းပေးရေး၊

- ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သော ကျောင်းသုံးစာအုပ်များ ပြန်လည်ဖြည့်ဆည်းပေးရေးနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊

- စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အခက်အခဲ မရှိအောင် ကူညီပံ့ပိုးပေးရေး၊

- ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ရေး၊

- ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးအတွက် လိုအပ်သောပစ္စည်းများကို တပ်မတော်နှင့် ပို့ဆောင်ရေး ၀န်ကြီးဌာနတို့မှ အရေးပေါ်စီစဉ်ပို့ဆောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးမှာကြားသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...