ယင်းဥပဒေကြမ်းကို ပြည်သူ ့လွှတ်တော်တွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ ့တွင် အမျိုးသားလွှတ်တော်သို ့ပေးပို ့ခဲ့ပြီးနောက် အမျိုးသားလွှတ်တော်က ပြည်သူ ့လွှတ်တော်၏ ပြင်ဆင်ဖြည့်စွက်ချက်များကို ထပ်မံ၍ ပြင်ဆင်ကာ သဘောတူခဲ့သည်။
အမျိုးသားလွှတ်တော် အတည်ပြုကာ သဘောတူညီခဲ့သည့် ယင်းပြင်ဆင်ချက်များအပေါ် ပြည်သူ ့လွှတ်တော်က သဘောမတူသည့် အတွက် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲနေသည့် အချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ်သည်။
ယင်းဥပေဒကြမ်းအပေါ် သဘောထားကွဲလွဲမှုရှိနေခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်နို်င်ရန် ပြည်ထောင်စုလွှတ်တော် နာယက က ဥပဒေကြမ်းပူးပေါင်းကော်မတီသို ့ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်သက်တမ်းမကုန်ဆုံးမီ ရက်ပိုင်းအလိုတွင် နာယက၏ တာဝန်ပေးမှုအရ ဥပဒေကြမ်းပူးပေါင်းကော်မတီ က သဘောထားကွဲလွဲချက်များအပေါ် အစည်းအဝေးပြုလုပ်ခဲ့ကာ ပြည်ထောင်စုလွှတ်တော်သို ့ တင်ပြခဲ့သည့် လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။







