တိုင်းပြည် တည်ငြိမ်အေးချမ်းရေး အစိုးရသစ်နှင့် လက်တွဲ လုပ်ဆောင်မည်ဟု ကာချုပ် ပြော

တိုင်းပြည် တည်ငြိမ်အေးချမ်းရေး အစိုးရသစ်နှင့် လက်တွဲ လုပ်ဆောင်မည်ဟု ကာချုပ် ပြော
by -
မဇ္စျိမ
လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် နိုင်ငံ တစ်နိုင်ငံအတွက် သေရေး၊ ရှင်ရေးတမျှ အရေးကြီးသည်ဟု ဆိုကာ တိုင်းပြည် တည်ငြိမ်ရေးအတွက် အစိုးရသစ်နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂၄ ရက်က ပြောဆိုလိုက်သည်။

တပ်မတော်သည် “ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် မယိမ်းမယိုင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရန် ထိန်းသိမ်း လုပ်ဆောင်ခဲ့ကြောင်း၊ နောင်အစိုးရနှင့်လည်း တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားရမည်” ဟု နေပြည်တော် ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံစဉ် ပြော ခဲ့ခြင်းဖြစ်သည်။

အလားတူ “တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် သေရေးရှင်ရေးတမျှ မရှိမဖြစ်အရေးကြီး လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ချိန်မှ သတ်မှတ်ကာလအတွင်း လုပ်ငန်းစဉ်များ ပြီးပြတ်အောင် လုပ်ဆောင်ရမည်” ဟုလည်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံရာတွင် မီဒီယာမှပေးသည့် သုတ၊ ရသများ ၊ သတင်းများသည် ပြည်သူများအတွက် များစွာ အထောက်အကူပြုကြောင်း၊ ပြည်သူများ စာဖတ်အားမကျအောင် စာပေဖွံ့ဖြိုးရေး လုပ်ငန်းများကို ၀ိုင်းဝန်း လုပ်ဆောင်ပေးရမည်ဟုလည်း ပြောဆိုခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသည် တပ်မတော်နှင့် သတင်းမီဒီယာများအကြား ကောင်းမွန်သည့် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး၊ စာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော်ဆိုင်ရာ သတင်းရယူရေးကိစ္စရပ်များ ပိုမိုချောမွေ့ အဆင်ပြေစေရန် ရည်ရွယ် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးဖေမြင့်နှင့် ဒေါက်တာ မျိုးသန့်တင်၊ အတွင်းရေးမှူး ဦးသီဟစောတို့ တက်ရောက်ခဲ့ကြသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...