လိပ်ကျွန်း လူသတ်မှုအတွက် ခြိမ်းခြောက်ခံရမှုများ ဖေ့စ်ဘုတ်မှာ ဖွင့်ချခဲ့တဲ့ လော်ရာ့အကောင့် ဖွင့်မရတော့

လိပ်ကျွန်း လူသတ်မှုအတွက် ခြိမ်းခြောက်ခံရမှုများ ဖေ့စ်ဘုတ်မှာ ဖွင့်ချခဲ့တဲ့ လော်ရာ့အကောင့် ဖွင့်မရတော့
by -
မဇ္ဈိမ
လိပ်ကျွန်းလူသတ်မှုတွင် သေဆုံးခဲ့သူ ဟယ်နာ၏ အစ်မဖြစ်သူ လော်ရာက ထိုင်းနိုင်ငံနှင့် ပတ်သက်ပြီး ဝေဖန်ထိုးနှက်မှုများ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူမ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ်တွင် တင်ခဲ့ရာ မီဒီယာများက ဖေါ်ထုတ်ရေးသားပြီးနောက် သူမ၏ ဖေ့စ်ဘုတ်မှာ ဖွင့်မရဘဲ ဖြစ်နေသည်ကို တွေ့ရသည်။

လော်ရာ၏ ဖေ့ဘုတ်စ်တွင် လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ လူအများကို သတိပေးချင်ခဲ့ကြောင်း၊ သတိပေးခဲ့လျှင် တစ်စုံတစ်ဦး တစ်ယောက်ယောက်၏ အသက်ကို ကယ်တင်တာမျိုး ဖြစ်လာနိုင်ကြောင်း၊ လိပ်ကျွန်းသည် လှပသော်လည်း မျက်ရည်များကို ဖန်တီးလာနိုင်သည့် အလှအပဖြင့် ဆွဲဆောင်နေသော နေရာတစ်ခုဖြစ်ကြောင်း လော်ရာက ရေးသားထားခဲ့သည်။

“ဟန်နာလေးကို ကျမတို့ဘဝထဲက ဆွဲခေါ်သွားပြီးကတည်းက ကျမ တစ်ကမ္ဘာလုံးကို သတိပေး ချင်နေခဲ့တာက ထိုင်းနိုင်ငံဆိုတာ အန္တရာယ်တွေနဲ့ ပြည့်နေတဲ့နေရာတစ်ခု ဆိုတာပါဘဲ” ဟူသည့် ရေးသားချက်များ ပါဝင်သည်ကိုလည်း တွေ့ခဲ့ရသည်။

လော်ရာ၏ ဖေ့စ်ဘုတ်တွင် ရေးသားထားချက်များသည် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဝင်တို့နှင့် ပတ်သက်၍ ဖေါ်ပြရာတွင် “ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပိုင်ဆိုင်သူတွေက မုဒိမ်းမှု လူသတ်မှု ကျူးလွန် သူတွေထက် ပိုများတယ် ပိုဆိုးတယ်ပြောရင် ရှင်တို့ အံ့သြနေမှာ အသေအချာဘဲ။  ဒါတွေက ထိုင်းရဲတွေ အလွန်အမင်း လာဘ်စားမှုတွေရှိတာ အသေအချာဘဲ” ဟူသည့် ရေးသားချက်များ လည်းပါဝင်သည်။

အဆိုပါ ရေးသားချက်များကို လော်ရာ၏ ဖေ့ဘုတ်စ် အကောင့်ဖြစ်သော laura.witheridge တွင် ရေးသားခဲ့သော်လည်း ထိုအကောင့်မှာ ဖွင့်မရဘဲဖြစ်နေသည်ကို တွေ့ရသည်။ မည်သည့် အတွက်ကြောင့် ဖြစ်ရသည်ကိုမူ ရှင်းလင်းစွာ မသိရပါ။

လော်ရာ တင်ခဲ့သည့် ဖေ့စ်ဘုတ်ပို့စ်တွင် “ကျမညီမသေဆုံးပြီး ကတည်းက အသက်အန္တရာယ် ခြိမ်းခြောက်မှု တစ်ခုပြီးတစ်ခု ကြံုရပါတယ်ဆို ရှင်တို့ဘာပြောချင်လဲ” ဟုလည်း ရေးသားထားခဲ့သည်။

လိပ်ကျွန်းလူသတ်မှုတွင် ကျူးလွန်ခဲ့သည်ဟုဆိုကာ ထိုင်းတရားရုံးက ဒီဇင်ဘာ ၂၄ ရက်က ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ ကို သေဒဏ် ပြစ်ဒဏ်ပေးခဲ့သည်။ အဆိုပါ ပြစ်ဒဏ်အတွက် မြန်မာနိုင်ငံအတွင်း ကန့်ကွက်ဆန္ဒပြမှုများပေ ါ်ပေါက်ခဲ့ပြီး အစိုးရကိုယ်တိုင် အထူးအဖွဲ့ ဖွဲ့စည်းလျက် ဥပဒေကြောင်းအရ အကူအညီပေးနေကို တွေ့ရှိရသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...