လော်ရာ၏ ဖေ့ဘုတ်စ်တွင် လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ လူအများကို သတိပေးချင်ခဲ့ကြောင်း၊ သတိပေးခဲ့လျှင် တစ်စုံတစ်ဦး တစ်ယောက်ယောက်၏ အသက်ကို ကယ်တင်တာမျိုး ဖြစ်လာနိုင်ကြောင်း၊ လိပ်ကျွန်းသည် လှပသော်လည်း မျက်ရည်များကို ဖန်တီးလာနိုင်သည့် အလှအပဖြင့် ဆွဲဆောင်နေသော နေရာတစ်ခုဖြစ်ကြောင်း လော်ရာက ရေးသားထားခဲ့သည်။
“ဟန်နာလေးကို ကျမတို့ဘဝထဲက ဆွဲခေါ်သွားပြီးကတည်းက ကျမ တစ်ကမ္ဘာလုံးကို သတိပေး ချင်နေခဲ့တာက ထိုင်းနိုင်ငံဆိုတာ အန္တရာယ်တွေနဲ့ ပြည့်နေတဲ့နေရာတစ်ခု ဆိုတာပါဘဲ” ဟူသည့် ရေးသားချက်များ ပါဝင်သည်ကိုလည်း တွေ့ခဲ့ရသည်။
လော်ရာ၏ ဖေ့စ်ဘုတ်တွင် ရေးသားထားချက်များသည် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဝင်တို့နှင့် ပတ်သက်၍ ဖေါ်ပြရာတွင် “ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပိုင်ဆိုင်သူတွေက မုဒိမ်းမှု လူသတ်မှု ကျူးလွန် သူတွေထက် ပိုများတယ် ပိုဆိုးတယ်ပြောရင် ရှင်တို့ အံ့သြနေမှာ အသေအချာဘဲ။ ဒါတွေက ထိုင်းရဲတွေ အလွန်အမင်း လာဘ်စားမှုတွေရှိတာ အသေအချာဘဲ” ဟူသည့် ရေးသားချက်များ လည်းပါဝင်သည်။
အဆိုပါ ရေးသားချက်များကို လော်ရာ၏ ဖေ့ဘုတ်စ် အကောင့်ဖြစ်သော laura.witheridge တွင် ရေးသားခဲ့သော်လည်း ထိုအကောင့်မှာ ဖွင့်မရဘဲဖြစ်နေသည်ကို တွေ့ရသည်။ မည်သည့် အတွက်ကြောင့် ဖြစ်ရသည်ကိုမူ ရှင်းလင်းစွာ မသိရပါ။
လော်ရာ တင်ခဲ့သည့် ဖေ့စ်ဘုတ်ပို့စ်တွင် “ကျမညီမသေဆုံးပြီး ကတည်းက အသက်အန္တရာယ် ခြိမ်းခြောက်မှု တစ်ခုပြီးတစ်ခု ကြံုရပါတယ်ဆို ရှင်တို့ဘာပြောချင်လဲ” ဟုလည်း ရေးသားထားခဲ့သည်။
လိပ်ကျွန်းလူသတ်မှုတွင် ကျူးလွန်ခဲ့သည်ဟုဆိုကာ ထိုင်းတရားရုံးက ဒီဇင်ဘာ ၂၄ ရက်က ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ ကို သေဒဏ် ပြစ်ဒဏ်ပေးခဲ့သည်။ အဆိုပါ ပြစ်ဒဏ်အတွက် မြန်မာနိုင်ငံအတွင်း ကန့်ကွက်ဆန္ဒပြမှုများပေ ါ်ပေါက်ခဲ့ပြီး အစိုးရကိုယ်တိုင် အထူးအဖွဲ့ ဖွဲ့စည်းလျက် ဥပဒေကြောင်းအရ အကူအညီပေးနေကို တွေ့ရှိရသည်။







