ဒီဇင်ဘာ၂၂ ရက်၊ နံနက်ပိုင်းက အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ခြောက်လှန့်မှုလောက်ပဲ လုပ်ဆောင်နေရတယ်။ သူတို့က ယာဉ်ထိန်းရဲရှိရင် မလုပ်ကြဘူး။ တွေ့ရင်တော့ အရေးယူတာ လုပ်မှာပါ။ သူတို့က ဆိုင်ကယ်ကို အတင်းမောင်းပြေးမယ်ဆိုရင် မလိုလား အပ်တာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ရရှိမယ့် အကျိုးဆက်အရ ထိန်းပြီးလုပ်နေရတယ်။"ဟု ၎င်းက ရှင်းလင်းပြောကြားသည်။
ဆိုင်ကယ်မဆင်မခြင် မောင်းသူများသည် အများအားဖြင့် လူငယ်များဖြစ်ပြီး အုပ်စုလိုက် လုပ်ဆောင် ခြင်းကြောင့် ဖမ်းဆီးမှုများ လုပ်ဆောင်လျှင် မလိုလားအပ်သော ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာ နိုင်သဖြင့် သက်ဆိုင်ရာနယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ နှင့် အရေးယူမှုလုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက် လျှက်ရှိသည်ဟု ၎င်းကဆိုသည်။
အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ ရဲမှူးသိန်းဦးကလည်း လူငယ်သဘာဝအရ ဟီးရိုးလုပ်ပြီး မောင်းကြတာဖြစ်မယ်။ ဒါက မိဘဖြစ်သူတွေကလည်း ထိန်းသိမ်းဖို့ လိုတယ်။ မောင်းရင်းနဲ့ ထိခိုက်မယ်။ တခြားမဆိုင်တဲ့သူကို တိုက်မိမယ်ဆိုတာတွေ ရှိလာရင် အကျိုးဆက်က မကောင်းဘူး။"ဟု ပြောသည်။
ယင်းကိစ္စများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေ ရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြို့တွင်းလမ်းများပေါ်၌ မတွေ့ရဘဲ မြို့သစ်နှင့် အခြားယာဉ်ကြော ရှင်းသည့် လမ်းများတွင် တွေ့နေရကြောင်းသိရသည်ဟု ၎င်းကဆိုသည်။
"မြို့ထဲမှာတော့ သိပ်မတွေ့ရဘူး။ မြို့သစ်က အဆင့်မြင့် ဘောလုံးကွင်းနားမှာ ညနေပိုင်းဆို အုပ်စုလိုက် ရောက်လာပြီး ဆိုင်ကယ် ထောင်စီးကြတယ်။ သတင်းပေးရင် ချက်ခြင်းလာဖမ်းရင် ကောင်းမယ်။ ပတ်ဝန်းကျင်ကို အနှောက်အယှက် ပေးနေ တာပါ။"ဟု မြို့သစ်တွင်နေထိုင်သူ ကိုမင်းသူက ပြောသည်။
မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု ရ၂ရာခိုင်နှုန်းခန့် ဖြစ်ပွားနေကြောင်း၊ ပြီးခဲ့သည့် ရရက်အတွင်း ပုသိမ်ကြီးမြို့နယ်တွင် မော်တော်ယာဉ် ၁၄မှု၊ ဆိုင်ကယ် ၂၂မှု၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မော်တော် ယာဉ်၂၅မှု၊ ဆိုင်ကယ်၂၅မှု၊ ချမ်းမြသာ စည်မြို့နယ်တွင် မော်တော်ယာဉ် ၂မှု၊ ဆိုင်ကယ် ၄၄မှု၊ မဟာအောင်မြေမြို့နယ် တွင် မော်တော်ယာဉ် ၁၇မှု၊ ဆိုင်ကယ် ၂၈မှု၊ ချမ်းအေးသာစံမြို့နယ် ရမှုတို့ကို အရေးယူမှုများပြုလုပ်ခဲ့သည်ကြောင်း မီဒီယာရှင်းလင်း ပွဲတွင် ဝေသည့် မှတ်တမ်းအရ သိရသည်။







