ဆိုင်ကယ် ရှေ့၊ နောက်ဘီးထောင်စီးနင်းသူများကို ဖမ်းဆီးခြင်းထက် ခြောက်လှန့်ခြင်းသာ လုပ်နိုင်

ဆိုင်ကယ် ရှေ့၊ နောက်ဘီးထောင်စီးနင်းသူများကို ဖမ်းဆီးခြင်းထက် ခြောက်လှန့်ခြင်းသာ လုပ်နိုင်
by -
မဇ္ဈိမ
မန္တလေးမြို့၌ အုပ်စုလိုက် ဆိုင်ကယ် ရှေ့ဘီး၊ နောက်ဘီးထောင်၍ မောင်းနှင်ခြင်းများကို ဖမ်းဆီး ရာတွင် မလိုလားအပ်သော ပြဿနာများဖြစ်ပွားမည်ကို စိုးရိမ်နေရသဖြင့် ထိန်းသိမ်းလုပ်ဆောင် နေရသည်ဟု အမှတ် ၃ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ (မန္တလေး) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကံသိန်းက ပြောသည်။

ဒီဇင်ဘာ၂၂ ရက်၊ နံနက်ပိုင်းက အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ခြောက်လှန့်မှုလောက်ပဲ လုပ်ဆောင်နေရတယ်။ သူတို့က ယာဉ်ထိန်းရဲရှိရင် မလုပ်ကြဘူး။ တွေ့ရင်တော့ အရေးယူတာ လုပ်မှာပါ။ သူတို့က ဆိုင်ကယ်ကို အတင်းမောင်းပြေးမယ်ဆိုရင် မလိုလား အပ်တာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ရရှိမယ့် အကျိုးဆက်အရ ထိန်းပြီးလုပ်နေရတယ်။"ဟု ၎င်းက ရှင်းလင်းပြောကြားသည်။

ဆိုင်ကယ်မဆင်မခြင် မောင်းသူများသည် အများအားဖြင့် လူငယ်များဖြစ်ပြီး အုပ်စုလိုက် လုပ်ဆောင် ခြင်းကြောင့် ဖမ်းဆီးမှုများ လုပ်ဆောင်လျှင် မလိုလားအပ်သော ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာ နိုင်သဖြင့် သက်ဆိုင်ရာနယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ နှင့် အရေးယူမှုလုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက် လျှက်ရှိသည်ဟု ၎င်းကဆိုသည်။

အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ ရဲမှူးသိန်းဦးကလည်း လူငယ်သဘာဝအရ ဟီးရိုးလုပ်ပြီး မောင်းကြတာဖြစ်မယ်။ ဒါက မိဘဖြစ်သူတွေကလည်း ထိန်းသိမ်းဖို့ လိုတယ်။ မောင်းရင်းနဲ့ ထိခိုက်မယ်။ တခြားမဆိုင်တဲ့သူကို တိုက်မိမယ်ဆိုတာတွေ ရှိလာရင် အကျိုးဆက်က မကောင်းဘူး။"ဟု ပြောသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေ ရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြို့တွင်းလမ်းများပေါ်၌ မတွေ့ရဘဲ မြို့သစ်နှင့် အခြားယာဉ်ကြော ရှင်းသည့် လမ်းများတွင် တွေ့နေရကြောင်းသိရသည်ဟု ၎င်းကဆိုသည်။

"မြို့ထဲမှာတော့ သိပ်မတွေ့ရဘူး။ မြို့သစ်က အဆင့်မြင့် ဘောလုံးကွင်းနားမှာ ညနေပိုင်းဆို အုပ်စုလိုက် ရောက်လာပြီး ဆိုင်ကယ် ထောင်စီးကြတယ်။ သတင်းပေးရင် ချက်ခြင်းလာဖမ်းရင် ကောင်းမယ်။ ပတ်ဝန်းကျင်ကို အနှောက်အယှက် ပေးနေ တာပါ။"ဟု မြို့သစ်တွင်နေထိုင်သူ ကိုမင်းသူက ပြောသည်။

မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု ရ၂ရာခိုင်နှုန်းခန့် ဖြစ်ပွားနေကြောင်း၊ ပြီးခဲ့သည့် ရရက်အတွင်း ပုသိမ်ကြီးမြို့နယ်တွင် မော်တော်ယာဉ် ၁၄မှု၊ ဆိုင်ကယ် ၂၂မှု၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မော်တော် ယာဉ်၂၅မှု၊ ဆိုင်ကယ်၂၅မှု၊ ချမ်းမြသာ စည်မြို့နယ်တွင် မော်တော်ယာဉ် ၂မှု၊ ဆိုင်ကယ် ၄၄မှု၊ မဟာအောင်မြေမြို့နယ် တွင် မော်တော်ယာဉ် ၁၇မှု၊ ဆိုင်ကယ် ၂၈မှု၊ ချမ်းအေးသာစံမြို့နယ် ရမှုတို့ကို အရေးယူမှုများပြုလုပ်ခဲ့သည်ကြောင်း မီဒီယာရှင်းလင်း ပွဲတွင် ဝေသည့် မှတ်တမ်းအရ သိရသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...