ကျောင်းသားခေါင်းဆောင် ဇေယျာလွင်၊ ပိုင်ရဲသူနှင့် နန်းလင်းတို့အမှု အစမှပြန်လည်စစ်မည်

ကျောင်းသားခေါင်းဆောင် ဇေယျာလွင်၊ ပိုင်ရဲသူနှင့် နန်းလင်းတို့အမှု အစမှပြန်လည်စစ်မည်
by -
မဇ္ဈိမ
အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် လွှတ်တော်ထဲက တပ်မတော်သားများ ဖယ်ရှားပေးရန် ဆန္ဒပြ၍ ဖမ်းဆီးခံရသည့် တကသကျောင်းသား ပိုင်ရဲသူ (ဓာတ်ပုံ- ဖိုးသားဖေ့စ်ဘုတ်)
အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် လွှတ်တော်ထဲက တပ်မတော်သားများ ဖယ်ရှားပေးရန် ဆန္ဒပြ၍ ဖမ်းဆီးခံရသည့် တကသကျောင်းသား ပိုင်ရဲသူ (ဓာတ်ပုံ- ဖိုးသားဖေ့စ်ဘုတ်)
ပန်းပဲတန်းတရားရုံးတွင် ပုဒ်မ ၅၀၅၀(ခ)နှင့် ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆိုခံထားရသော တကသ ကျောင်းသား ခေါင်းဆောင် များဖြစ်သည့် ဇေယျာလွင်၊ ပိုင်ရဲသူနှင့် နန်းလင်းတို့ကို စစ််ဆေးနေသည့် တရားသူကြီး အပြောင်းအလဲကြောင့် နောက်တစ်ပတ်ရုံး ချိန်း၌ အမှုတွင် အစမှ ပြန်လည်စစ်ဆေးမည် ဖြစ်ကြောင်း တကသ မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်သူ ဖိုးသားက မဇ္ဈိမသို့ ပြောသည်။

“ဒီနေ့ အမှုက ထူးခြားချက်ကတော့ တရားသူကြီးပြောင်းသွားတယ်ဗျ။ တရားသူကြီးအသစ်က အခုကို ဇေယျာလွင်တို့ကို အစကနေ ပြန်စစ်မယ်လို့ ပြောပါတယ်။ ဒီနေ့တော့ ဘာမှမစစ်ဖြစ်ဘူး။ နောက် တစ်ပတ်ရုံးချိန်းမှ ပြန်စစ်မှာပါ"ဟု ဖိုးသားက ပြောသည်။

၂၀၁၅ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ကြီးစျေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်ထဲက အစိတ်သား(တပ်မတော်သား)၂၅ ရာခိုင်နှုန်းထွက်သွားပေးရေး တောင်းဆိုဆန္ဒပြခဲ့မှုကြောင့် အခုလိုတရားစွဲဆို ခံရခြင်းဖြစ်သည်။

ထို့အပြင် ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်း အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို ၂၀၁၄ခုနှစ်၊စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းကြောင့် တကသကျောင်သားများ ဖြစ်သော နန်းလင်း၊ မင်းသုခ နှင့် စည်သူမောင်တို့ကို ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ထားကြောင်းလည်း ဒီဇင်ဘာ ၂၂ ရက်နေ့၊ ရုံးချိန်းတွင် ဒဂုံအရှေ့မြို့နယ်မှ ရဲမှူးက လာရောက်ပြောကြားခဲ့သည်။

“ဒီနေ့ ဒဂုံအရှေ့မြို့နယ်က ရဲမှူးက လာသွားတယ်။ တရားစွဲထားတာတော့ ကြာပီပေါ့နော်။ သူတို့ အဲဒီလူတွေကို လိုက်ရှာနေတာ မတွေ့လို့ အခုမှ ဒီမှာလာအကြောင်းကြားတာလို့ ပြောတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျောင်းသားတွေကို အမျိုးမျိုးဖိနှိပ်တရားစွဲဆို ဖမ်းဆီးထောင်ချထားသလို၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကိုလည်း တရားစွဲဆိုမှုတွေ လုပ်နေတာတွေ ရှိတယ်။ အခုလည်း အရင်တုန်းက အမှုဟောင်းတွေကို အစပြန်ဖော်နေတဲ့အတွက်  ဒီလက်ရှိအစိုးရဟာ သူအာဏာ မလွဲခင် မျက်နှာဖုံး ကွာကျလာတာပါပဲ။ ဒီဖြစ်ရပ်တွေက သက်သေပါပဲ”ဟု ဖိုသားက ပြောကြားခဲ့သည်။

ယခုလာရောက်စွဲဆိုထားသော ပုဒ်မ ၁၈ နှင့်ပတ်သက်၍ အယုံအကြည်မရှိသည့်အတွက် အယူခံဝင်သွားမည် မဟုတ်ကြောင်းနှင့် စစ်ဆေးမှုခံယူသွားမည်မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

ရုံးချိန်းကို ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပန်းပဲတန်းတရားရုံး၌ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...