အရင်ထက် သတိပြုရမယ့်အချိန်လို့ ဦးမင်းကိုနိုင်ပြော

အရင်ထက် သတိပြုရမယ့်အချိန်လို့ ဦးမင်းကိုနိုင်ပြော
by -
မဇ္ဈိမ
ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု အပြည့်အဝ မရသည့် အနေအထားတွင် ဖြစ်လာနိုင်မည့် အန္တရာယ်ကို စဉ်းစားပြီး တစ်ယောက်နှင့်တစ်ယောက် သတိပြု စောင့်ရှောက်သင့်သည်ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ နိုင်ငံသားတွေက ဒီလိုအရေးကြီးတဲ့ အချိုးအကွေ့မှာ ဥပဒေရဲ့ စောင့်ရှောက်မှုကိုလည်း လိုတယ်ဗျ။ ဒါပေမယ့် ဥပဒေရဲ့စောင့်ရှောက်မှုဟာ အပြည့်အဝ မရနိုင်ဘူး။ မရနိုင်တဲ့အခါကျတော့ အချင်းချင်း ပြန်စောင့်ရှောက်ကြရလိမ့်မယ်။ အဲ့တော့ စောင့်ရှောက်ခြင်းနဲ့အတူ ထိန်းကျောင်းခြင်း လည်း ပါကြရလိမ့်မယ်”ဟု ဦးမင်းကိုနိုင်က ပြောသည်။

မဲဆွယ်စည်းရုံးစဉ် ဓားဖြင့် တိုက်ခိုက်ခံရသည့် NLDပါတီဝင်များ ဆေးကုသမှုခံယူနေသည့် ရန်ကုန် ဆေးရုံကြီးသို့ အောက်တိုဘာ ၂၉ရက်နေ့၊ ညသန်းခေါင်အချိန်တွင် ရောက်ရှိလာသည့် ဦးမင်းကိုနိုင်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အရင်ထက်စာရင် သတိလည်း ပိုပြုကြရမယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ စောင့်ရှောက် ကြရမယ်ပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

NLD ပါတီ၏ တိုင်းလွှတ်တော်အမတ်လောင်း ဦးနိုင်ငံလင်းအပါအဝင် ပါတီဝင် သုံးဦးမှာ အောက်တိုဘာ ၉ရက်၊ ည ၉နာရီက သာကေတမြို့နယ်ရှိ သာကေတ (၃)ရပ်ကွက်တွင် ဓါးဖြင့် တိုက်ခိုက်ခံရပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရခြင်းဖြစ်သည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...