ဖြစ်စဉ်မှာ အောက်တိုဘာ ၁၅ ရက်နေ့၊ နံနက် ၁၀နာရီ ၁၅မိနစ်က မင်းဘူးဘက်မှ မကွေးမြို့သို့ လာသည့် ဆိုင်ကယ် နှစ်စင်းသည် ဧရာဝတီတံတား(မကွေး)တွင် ဆိုင်ကယ်ဖြတ်သန်းခပေးဆောင် အပြီး ဖြတ်သန်းစဉ် လမ်းအရှေ့ဘက်ရှိ တောင်ကမ်းပါးယံမြေသာနှင့် ကျောက်တုံးများ ပြိုကျလာပြီး ဆိုင်ကယ်နှင့်အတူ မြေပိမိခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်အား အနီးရှိ Toll Gate တွင် တာဝန်ကျ ဝန်ထမ်းများနှင့် ခရီးသွားများက အမြန် ကယ်ဆယ်ခဲ့သဖြင့် အမျိုးသမီး (၂)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ အရေးပေါ်ဆေးကုဆေင်သို့ ပေးဆောင်ပေးခဲ့သည်။
ကျန်နှစ်ဦးကိုလည်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် ဦးဆောင်သည့် ကယ်ဆယ်ရေး အဖွဲ့များမှ ဘက်ဟိုးကားကြီး ငါးစီး၊ မြေထိုးစက် နှစ်စီး၊ မြေသယ်ယာဉ် သုံးစီးဖြင့် ကယ်ဆယ်ကာ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက်ရှိသည်။
မြေပိမှုဖြစ်စဉ်ကြောင့် ကောလဟလ သတင်းများ ထွက်နေသကဲ့သို့ လူအသေအပျောက် မရှိပေ။
ဒဏ်ရာရရှိသူများသည် စကုမြို့ အမှတ် (၂)ရပ်ကွက်မှ မသွယ်သွယ်၊ မသက်သက်နွယ်တို့နှင့် မင်းဘူးမြို့ ရွာသာယာကျေးရွာမှ ဒေါ်စန္ဒာဦး နှင့် မထက်ထက်တို့ဖြစ်သည်ဟု သိရသည်။







