မင်းဘူး ဧရာဝတီတံတားအနီး မြေပြိုမှု လေးဦးဒဏ်ရာရ

မင်းဘူး ဧရာဝတီတံတားအနီး မြေပြိုမှု လေးဦးဒဏ်ရာရ
by -
မဇ္ဈိမ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ဧရာဝတီတံတား(မကွေး) Toll Gate အနီးမင်းဘူးမှ မကွေး ဆိုင်ကယ် သွားလမ်းအရှေ့ဘက်ရှိ တောင်ကမ်းပါးယံပြိုကျမှု အောက်တိုဘာ ၁၅ရက်နေ့က ဖြစ်ပွားခဲ့ပြီး အမျိုးသမီးလေးဦး ပိမိကာ ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက်မရှိဟု သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၅ ရက်နေ့၊ နံနက် ၁၀နာရီ ၁၅မိနစ်က မင်းဘူးဘက်မှ မကွေးမြို့သို့ လာသည့် ဆိုင်ကယ် နှစ်စင်းသည် ဧရာဝတီတံတား(မကွေး)တွင် ဆိုင်ကယ်ဖြတ်သန်းခပေးဆောင် အပြီး ဖြတ်သန်းစဉ် လမ်းအရှေ့ဘက်ရှိ တောင်ကမ်းပါးယံမြေသာနှင့် ကျောက်တုံးများ ပြိုကျလာပြီး ဆိုင်ကယ်နှင့်အတူ မြေပိမိခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်အား အနီးရှိ Toll Gate တွင် တာဝန်ကျ ဝန်ထမ်းများနှင့် ခရီးသွားများက အမြန် ကယ်ဆယ်ခဲ့သဖြင့် အမျိုးသမီး (၂)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ အရေးပေါ်ဆေးကုဆေင်သို့ ပေးဆောင်ပေးခဲ့သည်။

ကျန်နှစ်ဦးကိုလည်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် ဦးဆောင်သည့် ကယ်ဆယ်ရေး အဖွဲ့များမှ ဘက်ဟိုးကားကြီး ငါးစီး၊ မြေထိုးစက် နှစ်စီး၊ မြေသယ်ယာဉ် သုံးစီးဖြင့် ကယ်ဆယ်ကာ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက်ရှိသည်။

မြေပိမှုဖြစ်စဉ်ကြောင့် ကောလဟလ သတင်းများ ထွက်နေသကဲ့သို့ လူအသေအပျောက် မရှိပေ။

ဒဏ်ရာရရှိသူများသည် စကုမြို့ အမှတ် (၂)ရပ်ကွက်မှ မသွယ်သွယ်၊ မသက်သက်နွယ်တို့နှင့် မင်းဘူးမြို့ ရွာသာယာကျေးရွာမှ ဒေါ်စန္ဒာဦး နှင့် မထက်ထက်တို့ဖြစ်သည်ဟု သိရသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...