ယင်းသို့ တွေ့ဆုံရန် ၉ ကြိမ်မြောက် UPWC နှင့် SD တုုိ့ကြား တွေ့ဆုံုဆွေးနွေးစဉ် သဘောတူညီမှု ရရှိထားခြင်း ဖြစ်ပြီး အဓိအားဖြင့် NCA ကိစ္စ ဆွေးနွေးမည်ဖြစ်ကာ အသေးစိတ်ကုုိ သြဂုုတ် ၂၁ ရက် စတင်မည့် အစည်းအဝေးတွင် ဆုံုးဖြတ်မည်ဖြစ်ကြောင်း KNU ဒုဥက္ကဌ ပဒုုိနော်စီဖိုုးရာစိန်က ပြောသည်။
ပဒုုိနော်စီဖုုိးရာစိန်က “တချို့တုုိင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့ဖိုု့ လိုုတယ်။ ထိပ်သီးခေါင်းဆောင် တွေ အစည်းအဝေးတုုန်းက ဆုံုးဖြတ်ထားတာ ဖြစ်တယ်။ မနက်ဖြန် အစည်းအဝေးမှာ ဘယ်သူတွေ သွားမယ်ဆုုိတာ ပြန်ဆုံုးဖြတ်မယ်။ အန်စီအေ ကိစ္စအဓိက ဖြစ်တယ်။ ဘယ်လုုိ အချက်တွေ ဆွေးနွေး မယ်ဆုုိတာ မနက်ဖြန် အစည်းအဝေးမှာဘဲ ဆုံုးဖြတ်မယ်”ဟုု မဇ္စျိမကုုိ ပြောသည်။
တုုိ်င်းရင်းသား အဖွဲ့ ၅ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံုး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ ရှမ်းပြည်တုုိးတက်ရေးပါတီ(SSPP) နှင့် ကရင်နီအမျိုးသား တုုိးတက်ရေးပါတီ (KNPP) တုုိ့ဖြစ်ကြောင်း ၎င်းက ပြောသည်။
တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးဆုုိင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကုုိယ်စားလှယ်အဖွဲ့ (SD) နှင့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC)တုုိ့ ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် သြဂုတ် ၂၀ ကတွေ့ဆုံုဆွေးနွေးမှုတွင်လည်း နေပြည်တော်သုုိ့ သွားမည့် အစီအစဉ်များကုုိ ဆွေးနွေးခဲ့သည်ဟုု ပဒိုုနော်စီဖုုိးရာစိန်က ပြောသည်။
၎င်းက “ နေပြည်တော်မှာ သွားမယ်ဆုုိရင် ဘယ်သူတွေ သွားမလဲ၊ ဘာတွေ ဆွေးနွေးမဲ့ ကိစ္စတွေဘဲ။ ကျွန်မတိုု့က ဒီအစည်းအဝေးပြီးမှဘဲ ဘာလုုပ်မယ်ဆုုိတာ သိမယ်။ သူတုုိ့ကတော့ တကယ်လိုု့ ဆုံုးဖြတ်ချက်တွေ ရှိထားပြီဆုုိရင် သူတိုု့ဘက်က ဘယ်လုုိ လုုပ်မယ်ဆုုိတာပါဘဲ”ဟုု ပြောသည်။
သြဂုုတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ ၉ ကြိမ်မြောက် NCA ဆွေးနွေးချက်အပေါ် ပြန်လည် သုံုးသပ်ကြမည် ဖြစ်ပြီး ယင်းအစည်းအဝေးတွင် နေပြည်တော် သွားရောက်သူများနှင့် ဆွေးနွေးမည့် အချက်များ ကုုိဆွေးနွေးဆုံုးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထုုိ့အပြင် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထုုိးရေး၊ မထုုိးရေး သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုအပေါ်မှာလည်း တုုိင်းရင်းသား ခေါင်းဆောင်များ တစ်ဖွဲ့ချင်း သဘောထားများ ရယူသွား မည်ဖြစ်ကြောင်းလည်း သိရသည်။
သြဂုတ် ၂၀ ရက် ဆွေးနွေးမှုတွင် MPC မှ ဦးညိုအုုန်းမြင့်၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်မောင်သန်း၊ ဦးအောင်နုုိင်ဦး၊ ဒေါက်တာမင်းဇော်ဦးတိုု့ လာရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
NCA ကုုိ ၉ ကြိမ်မြောက် ဆွေးနွေးမှုတွင် တုုိင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်းများ အားလုံုး ပါဝင်ရေးကုုိ ဆွေးနွေးနုုိင်ခြင်း မရှိသေးပေ။ သုုိ့သော် သမ္မတ ဦးသိန်းစိန်ကတော့ တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၁၅ ဖွဲ့ လက်မှတ်ရေးထုုိးရန် ဖိတ်ခေါ်လုုိက်ပြီဖြစ်သည်။
ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(PLLS/TNLA)၊ လားဟူအမျိုးသား ဒီမုုိ ကရက်တစ်ပါတီ(LDU)၊ မြန်မာအမျိုးသား ဒီမုုိကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ရခုုိင်အမျိုး သားကောင်စီ(ANC)၊ ရက္ခိိုင်တပ်မတော်(AA)နှင့် ဝ အမျိုးသားအဖွဲ့ချုပ်(WNO)တုုိ့ကုုိမူ အစုုိးရက ဖိတ်ခေါ်ခြင်း မရှိပေ။







