NCA လက်မှတ်ထိုးနိုင်ရန် သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်ငါးဖွဲ့ သြဂုတ် လကုန် တွင်တွေ့မည်

NCA လက်မှတ်ထိုးနိုင်ရန် သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်ငါးဖွဲ့ သြဂုတ် လကုန် တွင်တွေ့မည်
by -
မဇ္ဈိမ
သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗုုိလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တုုိ့နှင့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ငါးဖွဲ့တုုိ့ တစ်နုုိင်ငံလုံုး အပစ်အခတ်ရပ်စဲ စာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထုုိးနုုိင်ရေးအတွက် ယခုုလကုုန်ပုုိင်းတွင် နေပြည်တော်၌ တွေ့ ဆုံုဆွေးနွေးမည်ဟု စုံစမ်းသိရသည်။

ယင်းသို့ တွေ့ဆုံရန် ၉ ကြိမ်မြောက် UPWC နှင့် SD တုုိ့ကြား တွေ့ဆုံုဆွေးနွေးစဉ် သဘောတူညီမှု ရရှိထားခြင်း ဖြစ်ပြီး အဓိအားဖြင့် NCA ကိစ္စ ဆွေးနွေးမည်ဖြစ်ကာ အသေးစိတ်ကုုိ   သြဂုုတ် ၂၁ ရက် စတင်မည့် အစည်းအဝေးတွင် ဆုံုးဖြတ်မည်ဖြစ်ကြောင်း  KNU ဒုဥက္ကဌ ပဒုုိနော်စီဖိုုးရာစိန်က ပြောသည်။

ပဒုုိနော်စီဖုုိးရာစိန်က  “တချို့တုုိင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့ဖိုု့ လိုုတယ်။ ထိပ်သီးခေါင်းဆောင် တွေ အစည်းအဝေးတုုန်းက ဆုံုးဖြတ်ထားတာ ဖြစ်တယ်။ မနက်ဖြန် အစည်းအဝေးမှာ ဘယ်သူတွေ သွားမယ်ဆုုိတာ ပြန်ဆုံုးဖြတ်မယ်။ အန်စီအေ ကိစ္စအဓိက ဖြစ်တယ်။ ဘယ်လုုိ အချက်တွေ ဆွေးနွေး မယ်ဆုုိတာ မနက်ဖြန် အစည်းအဝေးမှာဘဲ ဆုံုးဖြတ်မယ်”ဟုု မဇ္စျိမကုုိ ပြောသည်။

တုုိ်င်းရင်းသား အဖွဲ့ ၅ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံုး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ ရှမ်းပြည်တုုိးတက်ရေးပါတီ(SSPP) နှင့် ကရင်နီအမျိုးသား တုုိးတက်ရေးပါတီ (KNPP) တုုိ့ဖြစ်ကြောင်း ၎င်းက ပြောသည်။

တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးဆုုိင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကုုိယ်စားလှယ်အဖွဲ့ (SD) နှင့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC)တုုိ့ ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် သြဂုတ် ၂၀ ကတွေ့ဆုံုဆွေးနွေးမှုတွင်လည်း နေပြည်တော်သုုိ့ သွားမည့် အစီအစဉ်များကုုိ ဆွေးနွေးခဲ့သည်ဟုု ပဒိုုနော်စီဖုုိးရာစိန်က ပြောသည်။

၎င်းက “ နေပြည်တော်မှာ သွားမယ်ဆုုိရင် ဘယ်သူတွေ သွားမလဲ၊ ဘာတွေ ဆွေးနွေးမဲ့ ကိစ္စတွေဘဲ။ ကျွန်မတိုု့က ဒီအစည်းအဝေးပြီးမှဘဲ ဘာလုုပ်မယ်ဆုုိတာ သိမယ်။ သူတုုိ့ကတော့ တကယ်လိုု့ ဆုံုးဖြတ်ချက်တွေ ရှိထားပြီဆုုိရင် သူတိုု့ဘက်က ဘယ်လုုိ လုုပ်မယ်ဆုုိတာပါဘဲ”ဟုု ပြောသည်။

သြဂုုတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ ၉ ကြိမ်မြောက် NCA ဆွေးနွေးချက်အပေါ် ပြန်လည် သုံုးသပ်ကြမည် ဖြစ်ပြီး ယင်းအစည်းအဝေးတွင် နေပြည်တော် သွားရောက်သူများနှင့် ဆွေးနွေးမည့် အချက်များ ကုုိဆွေးနွေးဆုံုးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထုုိ့အပြင် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထုုိးရေး၊ မထုုိးရေး သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုအပေါ်မှာလည်း တုုိင်းရင်းသား ခေါင်းဆောင်များ တစ်ဖွဲ့ချင်း သဘောထားများ ရယူသွား မည်ဖြစ်ကြောင်းလည်း သိရသည်။

သြဂုတ် ၂၀ ရက် ဆွေးနွေးမှုတွင် MPC မှ ဦးညိုအုုန်းမြင့်၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်မောင်သန်း၊ ဦးအောင်နုုိင်ဦး၊ ဒေါက်တာမင်းဇော်ဦးတိုု့ လာရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

NCA ကုုိ ၉ ကြိမ်မြောက် ဆွေးနွေးမှုတွင် တုုိင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်းများ အားလုံုး ပါဝင်ရေးကုုိ ဆွေးနွေးနုုိင်ခြင်း မရှိသေးပေ။ သုုိ့သော် သမ္မတ ဦးသိန်းစိန်ကတော့ တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၁၅ ဖွဲ့ လက်မှတ်ရေးထုုိးရန် ဖိတ်ခေါ်လုုိက်ပြီဖြစ်သည်။

ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(PLLS/TNLA)၊ လားဟူအမျိုးသား ဒီမုုိ ကရက်တစ်ပါတီ(LDU)၊ မြန်မာအမျိုးသား ဒီမုုိကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ရခုုိင်အမျိုး သားကောင်စီ(ANC)၊ ရက္ခိိုင်တပ်မတော်(AA)နှင့် ဝ အမျိုးသားအဖွဲ့ချုပ်(WNO)တုုိ့ကုုိမူ အစုုိးရက ဖိတ်ခေါ်ခြင်း မရှိပေ။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...